+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, July 13, 2010

လေထန်ကုန်း


လေထန်ကုန်း

(မင်းစိုးစံ)

လေထန်ကုန်းဆိုတော့
လေပြေပြေးဆော့တဲ့
ကုန်းမြင့်လေးတခုပေါ့။


အဲဒီမှာစုဖွဲ့
အနာဂတ်အတွက်ဂီတ,သံ
သံစဉ်ရှာသူရှာ
စာသားရွေးသူရွေး
အဆိုကျင့်သူကျင့်
ကုန်းမြင့်လေးဟာ
သာယာလိုက်ပါဘိ။

သူတို့အတွေးသူတို့အရေး
သူတို့သံစဉ်တေးတွေမှာ
ဘာအရောင်မျှမရှိ
ပြကတေ့အဖြူ။


ထုတ်လုပ်သူကိုရှာလိုက်မှ
လေထန်ကုန်းဆိုတဲ့ဒေသ
ညှီနံ့တွေ
ညှော်နံ့တွေ
စိမ်းရွှေရွှေနံ့တွေ
တူးခြစ်နံ့တွေ
ပုပ်ပွနံ့တွေ
အောက်သိုးသိုးအနံ့တွေ
လေထန်ကုန်းမှာလွှမ်းမိုး
တေးသံတွေရိုက်ချိုးခံရ။
လျှံကျလာတဲ့အသံတခု
လေထန်ကုန်းပေါ်က,လိမ့်ဆင်း
မကြေနပ်ခြင်းများစွာနဲ့
ပေါက်ထွက်လာပုံ
အချိန်ကုန်ပြီး
လေကုန်တဲ့အပြင်
ရှူသွင်းလိုက်တဲ့လေထဲမှာ
ကင်ဆာတစ်ရှူးတွေပါတယ်…..တဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment