+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, July 16, 2010

သံင်းလေါဟ်လိက်ဆြာ့ ကြိုဒ်္ဘးသှေ်ယါ့ (၂)

ဟုတ်ကဲ့ အားလုံးကို အားလည်းနာပါတယ် ခင်လည်းခင်ပါတယ် ကရင်စာသင်ချင်တယ်ဆိုလို့ ကျုပ်မှာရှိ တဲ့ကရင်စာအုပ်တွေထဲက အခုဆိုရင် ဆရာကိုင် စာအုပ်ကို စတင်ရိုက်နှိပ်ထုတ်ဝေနေပါတယ်။ စောင့်လည်းစောင့်ကြည့်နေပါတယ် ကရင်တွေထဲက ဘာအသံများထွက်လာမလဲပေါ့နော်။

ဘာအသံမှထွက်မလာဘူးဆိုလျင် ကျုပ်အခုတင်ထားတဲ့ ဆရာကိုင်စာအုပ်ကို ဖြုတ်ပစ်မှာဖြစ်ပါတယ်။ ဒါကြောင့်ဘယ်သူမဆို ကရင်စာနဲ့ပတ်သက်လို့ တစုံတရာ အဆိုးအကောင်း အကျိုးအကြောင်း လေးတွေ ပြောဆိုဆွေးနွေး အကြံပေးစေလိုပါတယ်။
လိပ်စာကတော့ minsoesan09@gmail.com ဖြစ်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
ဖူ့တာမိက်

Teacher 001

1 comments:

မန်းကိုကို said...

ဆရာရယ်၊

ဆရာက စလိုက်တာနဲ့ အားနာတယ်ဆိုတာက အရင်လာတယ်။ ကရင်စစ်ကြောင်း ကြေငြာနေတယ်ထင်တယ်။

တုံ့ပြန်မှုတွေ ဘာမှမလာရင် ဖြုတ်ပြစ်လိုက်တော့မယ်တဲ့၊ ဒုက္ခပါပဲ၊ စတောင် မစရသေးဖူး စိတ်ကကြိုပြီးဆိုးနေပြီ။

စာအုပ်က ဆရာကိုင်ဆိုတော့ နှစ်လုံးနဲ့တစ်ပိုင်းပဲ ဖတ်တတ်တဲ့ကျနော့်မှာ ပြောရမျာတောင်နည်းနည်းတွန့်နေတယ်။ ဒါပေမယ့် စီပုံးမှာ မာန်နဲာတစ်ပါးကတော့ ပြောမယ့်ပုံပေါ်တယ်။

အပြင်ပန်းအမြင်ကတော့ တွေ့ဖူးတဲ့ ဆရာကိုင်စာအုပ်ထက် နည်းနည်းသေးနေသလိုပါပဲ။ ပထမပို့စ်မှာပါသလို အသံထည့်ရင် လေးနေမယ်ဆိုတာက ဘလော့လေးမှာလား၊ နားထောင်ရမှာ လေးမှာလား။ နားထောင်ရရင် ပိုကောင်းတာပေါ့။

ကျနော်ကြုံခဲ့ရတာကတော့ ဖတ်စာစာအုပ်တွေနဲ့ ပတ်သက်လို့ပါ။ ခေတ်မှီအောင် ပုံတွေပြောင်း၊ အငြင်းပွားစရာ စကားလုံးတွေကို ညှိနှိုင်းအဖြေရှာဖို့ ဆွေးနွေးကြည့်တော့ အသက်ကြီးသူ လူကြီးတွေကတောင် သိပ်မထိရဲကြဖူး၊ ကိုယ်က ဘာမှမတတ်တာ ဘာများဆက်လုပ်ရမှာလဲ။

လုပ်လို့ရတာကတော့ ပုံပြတွေကို ခေတ်မှီအောင်နဲ့ စာအုပ်တွေကို အဆင့်အတန်းမီမီ၊ အရေအတွက် ပိုပြီးများများ ထုတ်နိုင်ဖို့ပါ။ ထိုင်းမှာစာအုပ်ရိုက်တာကတော့ ပိုတန်ပါတယ်။

နောက်တစ်ဆင့်က ထားဝယ်ခရစ်ယာန်ကျောင်းက ပိုးကရင်ဖတ်စာတွေ ၉ တန်းအထိရှိခဲ့တယ်လို့ သိရပါတယ်။ ရှာဖွေတိုက်ဆိုင်(ဘာသာပြန်) ပြီး လက်ရှိသင်ရိုးတွေကို အတန်း၊ အဆင့်မြှင့်နိုင်ကြရင် ရေရှည်မှာ အကျိုးရှိမယ်ထင်ပါတယ်။ စာသင်ကြားရေးအထောက်အကူပြု စာအုပ်စာတန်းတွေနဲ့ အထွေထွေဗဟုသုတ စာအုပ်တွေကတော့ နောက်တစ်ဆင့်ပေါ့။ လက်ရှိ အဘိဓါန်တွေ တည်းဖြတ်ဖို့တွေလည်း လိုရင်လိုနိုင်ပါသေးတယ်။

ဆရာသမားဖြစ်နိုင်ရင် သူငယ်တန်းကနေ ရသလောက်အဆင့်အထိနဲ့ အခြားစာတွေကို စာမျက်နှာတစ်ခု (သို့) ဘလော့ (သို့) ဝက်ဘ်ဆိုဒ်တစ်ခု သီးသန့်ထားပြီး ထားဖို့အကြံပေးလိုပါတယ်။ အသံထွက်ပါနိုင်ရင်တော့ အတိုင်းထက်အလွန်ပါပဲ။ ဝေဖန်တာတွေခံယူပြီး နောင်ကိုအခန့်သင့်သလို စာအုပ်တွေ ပွား၊ ထုတ်သွားနိုင်ကြဖို့ ကြိုးစားကြတာပေါ့။

Post a Comment