+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, July 18, 2010

ဝ,မရှိပဲ ဝိလုပ်တဲ့လူအချို့ထဲက ငါ


ဝ,မရှိပဲ ဝိလုပ်တဲ့လူအချို့ထဲက ငါ

(မင်းစိုးစံ)

အတွေးအခေါ်က
အမှောင်ဘက်တရစပ်
အတတ်ပညာက
အလင်းကိုကြောက်
ရောက်နေတဲ့နေရာ
စုန်းပြူးက,ရာဇာဖြစ်
စစ်မှန်တဲ့တရားကို
ဒင်္ဂါးက,စိုးမိုး
အဆိုးမမြင်ချင်ပေမယ့်
မရှောင်သာ
ကောင်းတာဆို
လုံးဝ, ရှာလို့မရ
ဝ,လုံးနဲ့သုည(သုံည)
ကပ်ပြီးရေး
နံရံလေးဘက်လုံးအပြည့်
မျက်နှာကြက်အထိလျှံဝေ
ဆွေးနေတဲ့ကြမ်းခင်းပေါ်က,လူတစု
ထ,ဆင်ထူးလို့ လေကန်သူက,ကန်
ဝိဆိုပြီး ညင်းဆန်သူက,ညင်းနဲ့။


ဆာနေခဲ့ကြတာတော့မှန်တယ်
ရေလား?
အရည်လား?
ကွဲကွဲပြားပြားမသိ။


အရည်လည်း အရည်
ရေလည်း အရည်
အရည်ချည်းသက်သက်
သောက်ခဲ့ပြီးကာမှ
အသာမပြေငတ်မပြေနိုင်သည်မို့။

တကယ်ဆာနေတာ
ရေ ပါလားဆိုတာ
ကွဲကွဲပြားပြား
ခွဲခွဲခြားခြားသိလာတဲ့အခါ
ငါ….
သဲကန္တာရထဲရောက်နေတယ်။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment