+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, July 30, 2010

ကာယံမခိုင်သောကဗျာ

Photo by www.googleimages.com
ကာယံမခိုင်သောကဗျာ

(မင်းစိုးစံ)

ဆည်းဆာကခပ်ရင့်ရင့်
မိုးပွင့်ကခပ်သည်းသည်း
လျှပ်စီးက,တဝင်းဝင်း
လေပြင်းကခပ်ထန်ထန်
မဟန်နိုင်တဲ့သစ်ပင်
ရေအလျဉ်ထဲထိုးကျ
အမြစ်ကစ အကုန်ပါ
ကမ်းပါးပါ ကျပြို ။ ။

သစ်ပင်ကကမ်းပါးကိုချစ်သလို
ကမ်းပါးကလည်းမြစ်ကိုချစ်ရှာတယ်။ ။

သစ်ပင်ရဲ့သံယောဇဉ်ပိုပုံက
ကမ်းပါးမပြိုကျစေချင်သလို
မြစ်တစင်းလှနေတာကို
ကမ်းပါးကမြင်လိုရှာတယ်။ ။

မြစ်ပြင်ရဲ့သဘာဝ
ခမျာမှာမာယာမပိုလောက်ပေမယ့်
ကွေ့ကောက်မှလှတာဆိုတော့
ကမ်းပါးကိုချစ်ပေမယ့်
မဖြိုမဖြစ်
သစ်ပင်ကိုပါတိုက်စားပစ်ရ,ရှာတယ်။ ။

မြစ်ပြင်နဲ့ကမ်းပါး
သစ်ပင်တို့ရဲ့ကြား
အလှတရားကိုခံစားနေတဲ့
ပန်းချီဆရာရဲ့ရင်ထဲမှာ
သဘာဝတရားတွေစစ်ဖြစ်နေတာ
သိမှသိပါလေစ။ ။

စာလုံးတွေရေးတဲ့ငါကတော့
သဘာဝတရားကိုလည်းမတားနိုင်
ပန်းချီသမားလိုလည်းမခံစားနိုင်
ကလောင်ကိုင်ရင်းငိုင်နေရင်း
ကာယံတွေယိုင်နဲ့နေပြီ။ ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment