+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, July 16, 2010

စစ်အစိုးရခေတ် လူငယ်အချစ်


စစ်အစိုးရခေတ် လူငယ်အချစ်

(မင်းစိုးစံ)

ပူနွေးသင်းပျံ့တဲ့
ကော်ဖီနံ့လေး
အတွေးထဲရောက်
တောက်တချက်ပြင်းပြင်းခေါက်မိ
တကျိကျိနဲ့အံကြိတ်
မျက်ရည်တွေဖိတ်ကျ
ကော်ဖီထက်အရသာခါး
ကော်ဖီပူပူထက်
မျက်ရည်စက်က ပူနေတယ်။

သည်ဆိုင်လေးမှာ
ကော်ဖီလာလာချပေးတဲ့
ကလေးမ,လေး
စကားသံအေးအေး
ကြည့်ဟန်က,နွေးနွေး
“ဦး..... ဘာလိုသေးလဲ”
အမြဲပြုံးရင်းမေးတတ်သူ။ ။


အခုတော့
သူသိပ်ချစ်တဲ့သူ့ချစ်သူ
သူ့ကိုမြှူဆွယ်
ငွေကြေးနဲ့အလဲအလှည်လုပ်
လူကုန်ကူးဘို့ထုတ်အသွား
နယ်ခြားက,မြစ်တခုမှာ
နာကျည်းမှုများစွာနဲ့
သူ့အသက်ကို စတေးခဲ့တယ်။ ။

ကလေးရေ…..
ကော်ဖီရည်လည်းပူ
လက်ကိုင်ပန်းကန်လုံးလည်းပူ
အောက်ခံပန်းကန်ပြားလည်းပူ
စားပွဲခုံလည်းပူ
လျှာပူအာပူတဲ့ခေတ်
လူလူခြင်းရောင်းစားတဲ့စနစ်မျိုး
စစ်အာဏာရှင်ဆိုးတွေအမြစ်မပြုတ်သမျှ
အချစ်ဆိုတဲ့အရာ
ကော်ဖီတခွက်အရသာထက်
ဘာအာမခံချက်မျှမရှိ
ကြည့်ချစ်ကြပေရော့ဟေ့။ ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment