+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, August 5, 2010

အာဇာနည်စိတ်ဓါတ်

အာဇာနည်စိတ်ဓါတ်
(မင်းစိုးစံ)

အာဇာနည်ဆိုတာ
ဘယ်အရာကိုမဆို
ပေးဆပ်လိုသူတွေဖြစ်တယ်။

စွန့်စားတဲ့သူတိုင်းဟာ
အာဇာနည်မဟုတ်ဘူး။

စွန့်စားတဲ့သူတွေထဲက
စွန့်ထားသမျှကိုပြန်ခံစားတာ
အဲဒါရိုးရိုးလူတန်းစားပဲ။

စွန့်ဘို့သာရှိပြီး
စားဘို့ရာမတွေးတဲ့လူမှသာ
တကယ့်အာဇာနည်။

အများစုဟာ
စွန့်ဘို့ဆိုဝေလာဝေး
စားဘို့သာတွေးနေကြလျင်
ပြဿနာတွေထွေးရှုတ်တဲ့အပြင်
လွတ်မြောက်ဘို့ရက်တွေအဝေး
ဆုတ်ပြေးနေမှာဖြစ်တယ်။

အာဇာနည်ဆိုတဲ့အတိုင်း
အ,ဂတိစိတ်ရိုင်းမရှိ
လောဘ,မှိုင်းနတ္ထိ
ဒေါသ,လှိုင်းပကတိကင်းစင်
စိတ်ဓါတ်အင်အားကြံ့ခိုင်
ကျောက်သားကျောက်စိုင်
ကျောက်တိုင်လိုမြံမြဲ
အခက်အခဲတိုင်းကိုရင်ဆိုင်ကျော်ဖြတ်
ဇွဲရှိတဲ့သူကိုမှသာ
အာဇာနည်လို့ခေါ်ပါသတဲ့ဗျာတို့။

နှစ်ခြောက်ဆယ်ပြည့် ကရင့်အမျိုးသား အာဇာနည်နေ့ကို ဂုဏ်ပြုလိုက်ပါတယ်။
ကရင့်အမျိုးသား အာဇာနည်အထောင်အသောင်း ဆက်လက်ပေါ်ထွန်းနိုင်ပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး


0 comments:

Post a Comment