+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, September 15, 2010

တော်လှန်တဲ့စိတ် မွေးတတ်ပါ

Photo by www.bbcburmese.com

တော်လှန်တဲ့စိတ် မွေးတတ်ပါ
(မင်းစိုးစံ)

ငါဟာ ဆိုက္ကားဆရာ။
ငါ့ဆိုက္ကားပေါ်မှာ
အင်္ဂျင်နီယာနဲ့ဆရာဝန်။

ဆရာဝန်က
အမွန်မြတ်ဆုံးအလုပ်ဟာ
ဆရာဝန်ပါတဲ့။

အင်္ဂျင်နီယာက
ဆရာဝန်ထက် အင်္ဂျင်နီယာအလုပ်က
ပိုမွန်မြတ်သတဲ့။

ကုန်းတက်ကိုအရောက်
သူတို့နှစ်ယောက်
တယောက်တပေါက်
ကတောက်ကဆ,
ပြောကြဆိုကြ ငြင်းနေကြတုန်း
ငါ ခါးကုံးအောင်နင်းပြီး
ကုန်းမြင့်ကြီးကိုကျော်ခဲ့ရ။

ဘဝ,တခုဖြစ်လာလျင်
အောင်မြင်ဘို့လား
တန်ဘိုးရှိဘို့လား
ငါ စဉ်းစားနေတုန်း။

“ဆိုက္ကားဆရာ………….
ရှေ့မှာ ကား….ကား….ကား…….”

နှစ်ယောက်သား ပိုးလို့ပက်လက်
အားလုံးအသက်မဲ့တဲ့ခန္ဒာ
မြေဆီမြေလွှာဖြစ်ပြီထင်ပေမယ့်။

သူတို့နှစ်ဦးစလုံးခမျာ
ပြာမှုန့်တွေဖြစ်သွား
မြစ်ထဲမျှောလိုက်တာဆိုတော့
ဘာဆိုဘာမျှမမြတ် ဘာတခုမျှအသုံးမဝင်။

သူတို့ကအလျင်သွား
ငါလည်းနောက်ဆိုလိုက်သွားရမယ့်အတူ
ငါ့လိုလူကိုပြာတဆုပ်စာအဖြစ်ပြောင်း
မြစ်ချောင်းညစ်အောင်မလုပ်ကြပါနဲ့။

မြေကြီးထဲမှာအသေအခြာမြှုပ်
ရာထောင်ချီတဲ့သစ်ပင်တွေအတွက်မဟုတ်လျင်တောင်
မြေဆီမြေနှစ်အဖြစ်ပြင်ဆင်
ပန်းပင်လေးတပင်
ဒါမျှမဟုတ်လျင်လည်း
မြက်ပင်သေးသေးလေးတွေအတွက်
ငါ တာဝန်ကျေခဲ့ချင်သေးတယ်။

မင်းစိုးစံ

အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment