+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, September 17, 2010

ငါတို့ နောက်မကျသေးဘူးဟေ့


ငါတို့ နောက်မကျသေးဘူးဟေ့
(မင်းစိုးစံ)

ဟေး….ကောင်လေးငယ်
မင်းရယ်ငါရယ်
သူရယ်သုံးယောက်
ဒီမြေရောက်တော့
တယောက်ပေါ့လျင်
တယောက်ပြင်ခဲ
တယောက်လဲလျင်
တယောက်မြင်မူ
မထူပဲနေ
မောဟ,တွေပိတ်
အလင်းဆိတ်ငြိမ်။ ။

ဟေး….ကောင်လေးငယ်
ငါရယ်မင်းရယ်
သူရယ်သုံးယောက်
တယောက်မှားလျင်
တယောက်ပြင်ဘို့
ငါတို့ရင်မှာ
ဗလာနတ္ထိ
အသိမွဲကင်း
အချင်းချင်းကွာ
မှတ်သညာမဲ့။ ။


အမှားမပြင်
မမြင်အမှန်
အတန်ကြာတော့
အမှန်တွေမှား
အမှားတွေမှန်
ပြောင်းပြန်တွေဖြစ်
နှစ်ကြာရစ်ပြီ။ ။

အခုချိန်ကျ
နောက်ကောက်ကျနေ
ရေကျချောင်းလေး
သစ်ငုတ်ဖွေးပေါ့။ ။

ဟေး….ကောင်လေးငယ်
သူရယ်မင်းရယ်
ငါရယ်သုံးဦး
အာရုဏ်ဦးမှာ
ထိပ်ဦးဆံဖျား
မှားခဲ့သမျှ
ပြင်ကြအတူ
ယူကြအမှန်
ကြံဆ,ကောင်းကွက်
လက်ချင်းယှက်လို့
တို့မျိုးဆက်အတွက် လှမ်းတက်စို့။ ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment