+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, September 11, 2010

ကာလ,ရှည်ကြာလာသည်နှင့်အမျှ


ကာလ,ရှည်ကြာလာသည်နှင့်အမျှ
(မင်းစိုးစံ)

ငါ့ဘဝ,လို့ပြောတာထက်
ငါ့ခြံပါလို့ ပြောချင်တယ်။

ဖြူ နီ ဝါ ရောင်စုံဖြာတဲ့
မဟာဆန်တဲ့ပန်းခြံထဲ
မြေသြဇာ အတန်တန်ထည့်
ပန်းနံရံနဲ့အလှဆင်
ပန်းတံတိုင်းပမာအသွင်ဆန်း
ငါ…..ပန်းခူးဘို့ချေလှမ်းပြင်တော့။

လေစိမ်းဝင်နေတဲ့ပန်း
နုယွတဲ့ပွင့်ဖတ်နဲ့
လတ်ဆတ်တဲ့ဝတ်ဆံတွေ
ရေခဲပြင်လိုအေးစက်
ရင်ခုံသံနဲ့အသက်ရှူသံ
ယဲ့ယဲ့လေလား
မြန်နေသလား။

သေခြာတဲ့အချက်က
အခက်ပေါ်က အရွက်တွေဟာ
ခါတိုင်းအချိန်ထက်
စိမ်းချက်က ပိုနေတယ်။


မထိရက်လို့လက်ကိုအမြန်ရုပ်
တံတိုင်းထဲကပြန်ထွက်ဘို့လုပ်တော့
ရုတ်ရုတ်သဲသဲနဲ့ပန်းတွေ
လန်းဆန်းဝေဆာလိုက်တာမှ
ပွင့်လွှာတွေနွေးအိ
ဝတ်ဆံချင်းထိနေလေသလား
အမှတ်မှားစရာ။

တကယ်တမ်းတော့လေ
ပန်ုးတွေအကြောင်းကို ငါသိနေတာထက်
ငါ့အကြောင်းကို ပန်းတွေက
ပိုသိနေကြသလိုပဲ။

မင်းစိုးစံ

အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment