+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, September 22, 2010

ရေစုန်မှာလှေကြုံမလိုက်စတမ်း

ရေစုန်မှာလှေကြုံမလိုက်စတမ်း
မင်းစိုးစံ

တို့အိမ်ရဲ့ ကြမ်းခင်းလေး
ဆွေးနေတာမြင်တော့
တို့တတွေပြင်မယ်ဆိုပြီး
သစ်ပင်ခုတ်ချပျဉ်ခွဲကြနဲ့
ကြမ်းခင်းကိုအသစ်လဲလိုက်ကြတယ်။

လဲပြီးလို့မကြာသေး
ကြမ်းပြင်က ထပ်ဆွေးလို့
နောက်တခါထပ်လဲနဲ့
အကွပ်မဲ့တဲ့ကြမ်းတွေဟာ
ပရမ်းပတာဖြစ်ခဲ့တယ်။

ကြမ်းဆွေးနေတာပဲသိ
ဘာကြောင့်ဆွေးသလဲဆိုတာ
ရှာမကြည့်မိတဲ့နောက်
တတိတိနဲ့ငါတို့အိမ်ဟာ
ကျောခင်းစရာမဲ့တော့မယ်။

ဘာညာအချင်းများ
အညင်းပွါးနေကြရုံနဲ့
ခိုလှုံစရာအိမ်အတွက်
ကျက်သရေတက်စရာမရှိဘူးဆိုတာ
အားလုံးသိဘို့လိုတယ်။

ကျောချစရာမရှိ
ထိုင်စရာနတ္ထိမဖြစ်ခင်
ခေါင်မိုးကိုပြင်မယ်ဟဲ့
သက်ငယ်ကိုအလျင်ရိတ်
ဝါးကိုအစိပ်စိပ်ခွဲ
သက်ငယ်နဲ့အတံတွဲသီပြီး
ခေါင်မိုးဆီဦးတိုက်
မိုးလိုက်ကြစို့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment