+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, September 23, 2010

ကောင်လေးငယ်သို့ပေးစာ(အမှတ်စဉ်-၁)


ကောင်လေးငယ်သို့ပေးစာ(အမှတ်စဉ်-၁)
(မင်းစိုးစံ)

ကောင်လေးငယ်ရေ နေကောင်းတယ်မဟုတ်လား? သတိရ,စရာတွေကြုံလာလို့ ဒီစာကိုရေးလိုက်တာပါ။ ငယ်ကျိုးငယ်နာတွေတော့ မပြောပါဘူး၊ ပြောလျင် ကုန်မှာမဟုတ်ဘူးလေ။ သိတဲ့အတိုင်းပေါ့။

မင်းပေးလိုက်တဲ့ ဗွီစီဒီ ကို ရ,တာကြာနေပြီ၊ ကြာဆိုကွာ အခုဆို ခြောက်နှစ်တောင်ရှိနေပြီကွ။ ဟိုတလောတုန်း က မင်းတို့ကို နအဖ က ဘော်ဒီဂတ်ဆိုလား၊ ထားမယ်ဆိုတာ အခုတော့ သေခြာသွားပြီပေါ့နော်။ မင်းလည်း ဘော်ဒီဂတ်လုပ်မှာပဲ မဟုတ်လား?

တခုတော့ပြောချင်တယ် ကောင်လေးငယ်ရာ၊ အဲဒီ ဘော်ဒီဂတ်အလုပ်ဆိုတာ မင်းတို့ငါတို့ ခြောက်ယောက်စာ အတွက် ဆိုင်မှာဝယ်သောက်တဲ့ ကော်ဖီမျိုးမဟုတ်ဘူးလို့ ထင်တာပဲ။
မင်းလည်းမှတ်မိမှာပါ၊ တချိန်တုန်းက ဦးပါအိ လ္ဘက်ရည်ဆိုင်မှာ ငါတို့ ခြောက်ယောက် ကော်ဖီနဲ့ ပဲပလာတာ စားခဲ့ကြတာလေကွာ။ အရသာရှိလိုက်တာ မပြောပါနဲ့တော့၊ အေးအေး အဲဒီကော်ဖီနဲ့ပဲပလာတာလို အရသာမရှိ နိုင်မှန်းမင်းသိလျက်နဲ့ ဘာလို့ နယ်ခြားစောင့်တပ်လုပ်ချင်ရတာလဲကွာ။

ကောင်လေးငယ် ငါမင်းကို ပြောမယ်၊ အသေအခြာနားထောင်ပေးပါ။ မင်းတို့ကေအင်ယူက ထွက်သွားတုန်းက ဘာတွေမကြေနပ်လို့လဲ? အခု မင်းတို့မကြေနပ်ချက်တွေအားလုံး အကြေနပ်ကြီးကြေနပ်ကုန်လို့ နယ်ခြားစောင့် တပ်လုပ်တာတော့ ဟုတ်မယ်မထင်ဘူး။

အဲဒါပဲကွ ဘီဘီစီက ဦးဖေသန်းပြောခဲ့တဲ့ဥပမာတခုရှိတယ်၊ မင်းမှတ်မိမှာပါ၊ မင်းနဲ့ငါနဲ့က ဘီဘီစီအတူနား ထောင်ခဲ့ကြတာပဲဥစ္စာ။ မှတ်မိလည်း နားထောင်ကွာ ထပ်ပြောပြမယ်။ ပိုမှတ်မိသွားအောင်။

ဘာတဲ့ လူတယောက်က သူ့နဖူးကြီးပြောင်လာတာကို သိပ်ဟန်ကျတာပဲ၊ ဆံပင်ဖြီးရ,တာ သက်သာသွားတယ် လို့ပြောတော့ သူ့ဘေးကလူက ဘာပြန်ပြောသလဲမှတ်လဲ? ဆံပင်ဖြီးရတာ သက်သာပေမယ့် မျက်နှာသစ်တဲ့အ ခါကျတော့ ကျယ်လာတဲ့နဖူးက အလုပ်ပိုလာတာပေါ့တဲ့။
အေး တနေရာမှာ တခုသက်သာပေမယ့် တခုက မသက်သာဘူးဆိုတာပြောချင်လို့ပဲ။

နောက်တခုပြောမယ်ကွာ အမြိုင်၊ ဖါ့ကျုန်း၊ မောင်သံလုံး တို့အသတ်ခံရတဲ့ကိစ္စ မင်းမကြေနပ်ဘူးဆိုတာ ငါသိပါတယ်၊ ငါလည်းခံစားရ,ပါတယ်၊ သူတို့ငါတို့က ဘာသာတူတွေ စကားတူတွေ မခံစားရပဲနေပါ့မလား။ မေးခွန်းတခုထွက်လာလို့ အဖြေတခုပဲရှိရမယ်ဆိုလျင် ဒီအဖြေဟာ အလုံးစုံမှန်တဲ့ အဖြေမဖြစ်နိုင်ဘူး တဲ့။ သင်္ချာ တပုဒ်ရဲ့အဖြေဟာ တခုတည်းရှိရမှာဖြစ်ပေမယ့် တွက်နည်းက တခုတည်းရှိတာမဟုတ်ပါဘူး ကောင်လေးငယ်။

ပြီးခဲ့တဲ့ သုံးနှစ်လောက်တုန်းက မင်းရဲ့ အမိန့်နဲ့ ငါတို့မင်းတို့လေးစားတဲ့ ဗိုလ်အဲရိုး သေရ,တယ်ကွာ။ ဗိုလ်အဲရိုး ဆိုတာ မင်းရဲ့ဆရာပဲမဟုတ်လား။ ကိုယ့်အချင်းချင်းသတ်တာပဲကွာ ဘာဆန်းတာလိုက်လို့။ တနေ့လူတွေ အား လုံး သေကြရမှာချည်းပဲလို့ မင်းပြောမှာပေါ့။

သူက ကိုယ့်ကိုမိလျင် ကိုယ်သေ၊ ကိုယ်က သူ့ကိုမိလျင် သတ်ပစ်။ အဲဒါလားကွာ တော်လှန်ရေး။ အဲဒါလားကွာ အမျိုးသားလွတ်မြောက်ရေး။ အဲဒါမျိုးလား နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ဝေးသေးတယ်ကောင်လေးငယ် ဝေး သေးတယ်။ လူသတ်တိုင်းသာ အောင်မြင်မယ်ဆိုလျင် ဒီမှာကောင်လေးငယ် ကရင်ဗမာ အဓိကရုဏ်းတုန်းက သေလိုက်ကြတဲ့ဗမာတွေ၊ သေလိုက်ကြတဲ့ ကရင်တွေ။ အဲဒီကတည်းက ကိစ္စပြတ်နေလောက်ပြီပေါ့ အခုတော့ ပွဲဆက်ကပြတ်ကိုမပြတ်နိုင်ဘူး။ ရှစ်လေးလုံးဆိုတာက အနီးကပ်ဆုံးသက်သေပဲ။
ကိုးရီးယား ကားတွေလိုပဲ ဘယ်တော့ဇာတ်သိမ်းခန်းရောက်မှန်း သိတောင်မသိနိုင်ဘူး။ ဟေးကောင်လေးငယ် ငါပြောတာ မှန်ရဲ့လား။
မမှန်လျင်လည်း မတတ်နိုင်ဘူး။ ငါတွေ့တာမြင်တာကို မြင်တဲ့အတိုင်းတွေ့တဲ့အတိုင်းပြောတာ။

ဗိုလ်မောင်အေး ငါ့ဆီဖုန်းဆက်သေးတယ်။ သူပြောတယ် ကတုံး တုံးပြီး သင်္ကန်းစီးရတော့မယ်ထင်တယ်တဲ့၊ ဘာလဲကွာ မင်းတို့ဥစ္စာကလည်း ကေအင်ယူက ဘာသာရေးခွဲခြားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းတို့က ဒီ ကေဘီအေဖွဲ့တယ် မင်းတို့အဖွဲ့ကို ယုံကြည်လေးစားလို့ လိုက်သွားတဲ့ ဗိုလ်မောင်အေးကျတော့ မင်းတို့က ခရစ် ယာန်ဆိုပြီး ခွဲခြားတာတော့ မဟုတ်သေးဘူးနော်။ စဉ်းစား။ စဉ်းစား။

လုပ်ပိုင်ခွင့်လေးရ၊ အာဏာလေး နည်းနည်းရှိလာတော့ မြောက်ကြွမြောက်ကြွနဲ့၊ အချင်းချင်း ဗျင်းဘို့လောက်ပဲ။ အခုတော့ ဘာတတ်နိုင်သေးတုန်း။ ဘော်ဒီဂတ်တဲ့။ ငါလေ ငါ့ကိုယ်ကိုကလိထိုးပြီး ရယ်(ရီ)ပစ်လိုက်ချင်တယ်။

ငါမရယ်နိုင်ဘူးကောင်လေးငယ်၊ ဘာကြောင့်လဲ သိလား? ဇာတ်တူသားချင်းစားလို့ ဟင်္သာကိုးသောင်းပျက်မယ့် ကိန်းဆိုက်နေလို့ဟေ့။ အချင်းချင်းပဲကွာ ငါတို့ ထမင်းတအိုးထဲစားလာခဲ့ကြတဲ့ ရဲဘ်ာရဲဘက်၊ သေဘော်သေ ဘက်တွေပါလားဆိုတဲ့အဲဒီအမြင်လေး နည်းနည်းလောက်ရှိကြည့်စမ်းပါ။ ကောင်လေးငယ်ရေ အဲဒီအခါမှာ တ ကယ့်ရန်သူဟာ ဘယ်သူလဲဆိုတာ မင်းတွေးမိလာပါလိမ့်မယ်။

အော် ကောင်လေးငယ် ငါတို့ခြောက်ယောက် သောက်ခဲ့တဲ့ကော်ဖီအကြောင်း နောက်ကြုံလျင် ပြောမယ်နော်၊ အခုတော့ ခဏနားဦးမယ်။

မင်းကိုသိပ်ချစ်တဲ့
တချိန်တုန်းက ကောင်လေးငယ်

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment