+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, September 28, 2010

တာဝန်ကျေတဲ့ သမီးလိမ္မာ

တာဝန်ကျေတဲ့ သမီးလိမ္မာ
(မင်းစိုးစံ)

မျိုးဆက်သစ်ဆိုတာ အဲဒါပဲ။
အဲဒါမျိုးမှ မျိုးဆက်သစ်။
အဖေကိုချစ်တဲ့သမီး
ပြည်သူကိုချစ်တဲ့သမီးဆိုတာ
လွတ်လပ်မှုကို မြတ်နိုးတဲ့သမီးဆိုတာ
လူမျိုး ဘာသာ အသားအရောင်
အဆောင်အယောင် ဘာမျှမရှိ
ပကတိ စိတ်ထားနဲ့
ကြိုးစားလှုပ်ရှား
လွတ်လပ်ခြင်းများကို လိုလားသူများရဲ့
အားထားရာ
ဖိနှိပ်လိုတာကို
နှစ်လိုသူတွေအတွက်
တကယ့်မဟာရန်သူ
အတုယူစရာ
အားကျစရာ
သမီးအလိမ္မာ။ ။



မန်းဧရာ ဘလော့ဂ် မှ ကူးယူဖေါ်ပြပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment