+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, September 30, 2010

Photo by http://moemaka.com/
ကျနော်တို့ဘ၀ အမှတ်တရဟာသများ - ၁

ပန်းသီး (သီးလေးသီး)

စက်တင်ဘာ ၂၉၊ ၂၀၁၀

ကျနော်တို့ နှင့် မှတ်သားစရာ ကျန်အောင် ပြောတတ်သော ၀န်ကြီးကျော်ရဲအောင်

ကျနော်တို့ဟာ ထိုအချိန်က ယဉ်ကျေးမှုတွင် ၀န်ထမ်းတာဝန် ထမ်းဆောင်နေသော အချိန်ကာလဖြစ်ပါတယ် ။ ယဉ်ကျေးမှုဝန်ကြီးမှာ အောင်ရဲကျော်ဖြစ်ပြီး ကျနော်တို့တွေက ၀န်ကြီးကျော်ရဲအောင်လို့ပဲ မှတ်ထားလိုက်ကြပါတယ် ။

တနေ့ ဝန်ကြီးလာကြည့်မယ် ဆိုပြီး နေ့လည် ၂ နာရီလောက်ကတည်းက မိတ်ကပ်တွေလူး မင်းသားအ၀တ်စားတွေဝတ်ပြီး အသင့်စောင့်နေကြပါတယ် ။ ညနေ ၅ နာရီ ထိုးတော့လဲ ၀န်ကြီးကျော်ရဲအောင် ပေါ်မလာ၊ ၆ နာရီ ထိုးတော့လဲ ရောက်မလာသဖြင့် ကျနော်တို့တွေမှာ ဗိုက်ဆာလွန်းသဖြင့် တဂြီဂြီ … တဂွမ်ဂွမ် ဖြစ်နေကြ ပါတော့တယ် ။ မိတ်ကပ်တွေနဲ့ အ၀တ်အစားတွေနဲ့ ဆိုတော့ အပြင်သွာလို့ မရ ၀န်ကြီးမြန်မြန်လာဖို ပဲ ဗိုက်ဆာဆာနဲ့ ဆုတောင်းနေမိကြတယ်လေ ။

ဒိလိုနဲ့ ည ၈ နာရီလောက်မှာပဲ ၀န်ကြီးကျော်ရဲအောင် ရောက်လာပါတော့တယ် ။ ဗိုက်ဆာဆာနဲ့ ၀န်ကြီးကို စိတ်ထဲမှာ မေတ္တာပို့ပြီး ကပြခဲ့ကြပါတယ် ။ ပွဲပြီးတော့ ၉း၃၀ လောက်ရှိပြီ။ ပွဲအပြီ်းဝန်ကြီး ပြန်ခါနီး ကျနော်တို့ကို မေးလိုက်ပါတယ်။

ဝန်ကြီးကျော်ရဲအောင်က

“သားတို့ သမီးတို့ စားပြီး ကြပြီလား” တဲ့

ဗိုက်ကလဲ သံစုံတီးဝိုင်းတွေဖြစ်ပြီ ဆိုတော့

“ဘာမှ မစားရသေးပါဘူး အဘ …” လို့ပဲ အားလုံး ညီညီညာ ဖြေလိုက်ကြတယ် ။
ထိုအခါ ၀န်ကြီးကျော်ရဲအောင်က …

“အဘကတော့ စားပြီးပြီ။ “

ဟု ပြောပြီး ပြန်သွားလေတော့သတည်း။

ကျနော်တို့အားလုံး စိတ်ထဲမှာတော့ သဘင်သမားမပြန်ခင် မှတ်သားစရာကျန်အောင် လုပ်နိုင်တဲ့ ၀န်ကြီးကျော်ရဲအောင် ပါလား ဟု တွေးနေမိပါတယ် ။

မှတ်ချက် - ကျနော်တို့ ဖြတ်သန်းလာသော အနုပညာဘ၀မှ ကြားဖူးနားဝ ကိုယ်တိုင်လည်း ကြုံရသည့် ကမောက်ကမ ဟာသများဖြစ်ပါသည်။

သီးညီနောင် ဘလောက်မှာလည်း တပြိုင်နက်တည်း ပူးတွဲ တင်ဆက်သွားပါမည်။
by http://moemaka.com/

0 comments:

Post a Comment