+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, September 24, 2010

ရင်လေးဘွယ်ရာ ရွှေမြန်မာ

ရင်လေးဘွယ်ရာ ရွှေမြန်မာ
(မင်းစိုးစံ)

ကျားနှုတ်ခမ်းမွှေးကို နှုတ်နေတာမဟုတ်လောက်ဘူးလို့ ထင်ပါတယ်။ တကယ်ကို ရင်လေးမိတာအမှန်ပါ။
ဗမာစစ်အစိုးရ ဗမာစစ်အုပ်စု အာဏါရူးစစ်ဝါဒီ ဘယ်လိုခေါ်ခေါ် ဘာမျှမဖြစ် ဘာမျှဂရုမစိုက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ရဲ့ လက်ရှိ စစ်အုပ်စုကတော့ ပေါက်ဖေါ်ကြီးဆီက ဒေါ်လာငွေ သန်းပေါင်း လေးထောင်ကျော် ယူလာခဲ့ပါပြီ။

ပေါက်ဖေါ်ကြီးက အလကားမတ်တင်းပေးလိုက်တာတော့မဟုတ်ဘူး။ ပြန်ယူမှာ။ ဘာတွေပြန်ယူမယ်ထင်သလဲ အကုန်ကိုယူမှာ ဘာမျှချန်မှာမဟုတ်ဘူး။

တရုတ်လူမျိုးတွေရဲ့ ဗမာလိုရွှေဆိုတဲ့ စကားအသံထွက်ဆိုတာ တရုတ်လို ရေ လို့အဓိပ္ပါယ်ရ,တယ်ဗျ။
ကျုပ်တို့က ကိုယ့်ကိုယ်ကို ရွှေမြန်မာလို့ခေါ်လိုက်တိုင်း တရုတ်အတွက်က ရေမြန်မာ ရေမြန်မာ ပေါ့ဗျာ။
ရေလိုတယ်လေ။ ဒီခေတ်က ရေ ဗျ။ ရေ ။

အဲဒီတော့ ပေါက်ဖေါ်ကြီးက ကျုပ်တို့ကို ရွှေမျန်းမာ လို့ အမွှမ်းတင်မဆုံးဘူးပေါ့။
ဘာကြောင့် ဒီလောက်များတဲ့ငွေတွေ အတိုးမဲ့ နှစ်ပေါင်းသုံးဆယ်ချေးလိုက်လဲ ဆိုတာကိုတော့ စီးပွါးရေးနယ်ပယ်မှာ မျက်စေ့ကြီး နားကြီးတဲ့ပုဂ္ဂိုလ်တွေ သိကြပါလိမ့်မယ်။

ဆရာဦးစိန်ကျော်လှိုင် သုံးသပ်ပြတာကို နားထောင်ရင်း ကျုပ် အလိုလို ရင်လေးလာတယ်ဗျာ။
အဲဒါ စိတ်ဝင်စားတဲ့ လူကြီးမင်းများ နားဆင်နိုင်အောင် အသံဖိုင်လေးတင်ထားပါတယ်။




ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူတရပ်လုံး၏ အကျိုးပျက်ဆီးရာပျက်ဆီးကြောင်းနှင့် ရောဂါဘယဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးများ ကျရောက်စေရန် လုပ်ကိုင်ဆောင်ရွက်ရာ၌ အလွန်အမင်းတော်သော စစ်အုပ်စုသည် နောက်ထပ်တဖန် ပွဲဆူစေရန် အကောင်အထည်ဖေါ်ဆောင်ရွက်လိုက်ခြင်းပင် ဖြစ်ပေတော့သတည်း။

မင်းစိုးစံ
အဝးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment