+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, September 20, 2010

သောကြာဂြိုဟ်နှင့် အင်္ဂါဂြိုဟ်စက်တင်ဘာလတွင် ဒုတိယအကြိမ် ထပ်မံပူးမည်

သောကြာဂြိုဟ်နှင့် အင်္ဂါဂြိုဟ်စက်တင်ဘာလတွင် ဒုတိယအကြိမ် ထပ်မံပူးမည်
ရန်ကုန်၊ စက်တင်ဘာ၁ဝ၊၂ဝ၁ဝ

ဒုတိယအကြိမ် ထပ်မံ ၍ သောကြာဂြိုဟ်နှင့် အင်္ဂါဂြိုဟ်တို့သည် စက် တင်ဘာ ၂၉ ရက်နေ့ ၁၁ နာရီ ၅၉ မိနစ် ၅၉ စက္ကန့် တွင် ဒုတိယအကြိမ်တစ် ထပ်တည်း ပူးမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ နက္ခတ်ပညာရှင် အသင်းမှ ဥက္ကဌ ဆရာမဒေါ်ကြည် ကြည်စိန်က ပြောကြား သည်။ဒီလို ဂြိုဟ်တွေပူး ရင် ပညာရေးပိုင်းဆိုင်ရာ တွေမှာ အထောက်အပံ့အ ကူအညီတွေရမယ်။ နိုင်ငံ တကာနဲ့ ဆက်သွယ်တဲ့ လုပ်ငန်းတွေတိုးချဲ့လာနိုင် တယ်။

ဒီလမှာမွေးတဲ့ မေ ထုန်ရာသီဖွား ကလေးတွေ ဆိုရင် ငွေကြေးတိုးပွား မယ်၊ အခက်အခဲ၊ အကျပ် အတည်းမျိုးတွေနဲ့မယုံ နိုင်ပါဘူး။ မေထုန်ရာသီ ဖွားဖြစ်သော်လည်း တူရာ သီမှာ အနည်းဆုံးဂြိုဟ်တွေ ပူးလာမယ်။ ဒီဂြိုဟ်တွေပူး ရင် တနင်္ဂနွေ၊ သောကြာ၊ စနေနဲ့ ကြာသပတေးသား သမီးများ ဇာတာကောင်း မွန်ပါမယ်ဟု ၄င်းကထပ် လောင်းပြောကြားခဲ့သည်။

ပထမဆုံး အင်္ဂါဂြိုဟ် နှင့် သောကြာဂြိုဟ်ကို သြဂုတ် ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ နံနက် ၆ နာရီ ၁ဝ မိနစ် ၁၉ စက္ကန့် အချိန် ကုမ်ရာသီသို့မပြောင်း ခင်၊ဗြိဿရာသီ၌ နောက် ဆုံးအနီးကပ်ဆုံး ပူးသွားခဲ့ ကြောင်းသိရသည်။ ဂြိုဟ် တွေရဲ့ သဘာဝက တစ် ရာသီမှာ တစ်လနေပြီး အဆိုပါ ဂြိုဟ်ပူးချင်းသည် အင်္ဂါဂြိုဟ်က ပိုပြီးလင်းအား ကောင်းသည့်ရာသီ၌ သော ကြာဂြိုဟ် အားနည်းပြီး နစ်နဝင်းစီးသွားသည့်အချိန် တွင် ဂြိုဟ်တွေပူးချင်းဖြစ် ကြောင်း သိရသည်။ ပရ ဟိတအဖွဲ့များသို့ကုမ္ပဏီ များက ငွေကြေးလှူဒါန်းမှု များရှိနိုင်ကြောင်း သိရ သည်။ ပုဂ္ဂလိကဘဏ်များ တိုးပွားပြီး အတိုးနည်းစွာ နှင့် ချေးငွေများ ချေးယူနိုင် မှုများ ပေါ်ပေါက်လာမည် ဖြစ်ကြောင်း သိရသည်။

တင်ဇာဦး
http://www.ecovisionjournal.com/news ကနေကူးယူဖေါ်ပြလိုက်တာဖြစ်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment