+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, September 25, 2010

သတိ နိုးကြားပါ...ဆန့်ကျင်ပါ..


သတိ နိုးကြားပါ...ဆန့်ကျင်ပါ..
(သုဂ်ကျာထီ့ဖါန်)

ကရင်တိုင်းရင်းသား လူငယ်များ
ထကြွ နိုးကြားပါ။

မျက်စိကိုဖွင့် နားကိုစွင့်
လျင်မြန် ဖြတ်လတ်ပါ။

တို့ရဲ့စာပေ ဘိုးဘွားမွှေ
စဉ်ဆက် သင်ကြားပါ။

ဓလေ့ရိုးရာ အဖြာဖြာ
ဝိုင်းဝန်း ထိန်းသိမ်းပါ။

တို့ရဲ့အလံ ပါတီထောင်
သုံးခွင့် တားမြစ်ပါ။

တစ်ယောက်တစ်ပါတီ သုံးစွဲလျင်
အားလုံး ဆန့်ကျင်ပါ။

ပါတီတွေအောက် အလံပျောက်
အားလုံး လက်မခံပါ။

ကရင်လူထု ကိုယ်စားပြု
အသက်သွေးကြော ပမာ။

မပျောက်ပျက်အောင် သတိဆောင်
ကာကွယ် တားစီးပါ။


(သုဂ်ကျာထီ့ဖါန်)
saw di

0 comments:

Post a Comment