+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, October 22, 2010

တိုင်းပြည်မရှိတဲ့လူမျိုးနဲ့ သခင်မဲ့တဲ့ခွေး

တိုင်းပြည်မရှိတဲ့လူမျိုးနဲ့ သခင်မဲ့တဲ့ခွေး
(မင်းစိုးစံ)

ကျုပ်အခုတလော ရုပ်သံဖိုင်တွေသက်သက်တင်ဖြစ်တာများနေမှန်း သိနေလျက်က ဆက်ပြီးတင်နေမိရာကနေ အကြောင်းအရာလေးတခုလောက် တင်ရ,လျင်ကောင်းမှာပဲဆိုပြီး စိတ်ကူးရ,လာလို့ ကရင်လူမျိုးနဲ့ ဂျပန်လူမျိုး အကြောင်းရေးချင်တာမို့ ဘယ်ကနေစ,ရေးပြီး ဘယ်နေရာမှာအဆုံးသတ်ရ,ကောင်းမလဲဆိုတာ စဉ်းစားလို့မရ, နိုင်အောင်ဖြစ်နေတာ အတော်ကြာခဲ့ပါတယ်။ အခုလည်း စဉ်းစားလို့မရ,သေးပါဘူး။ ဒါပေမယ့် ရေးချင်စိတ်က သိပ်များနေတော့ ထိန်းမရ,တဲ့အဆုံး ရေးချလိုက်တယ်ဗျာ။

ကျုပ်ရဲ့အားနည်းချက်က အကြောင်းအရာတခုကိုရေးတဲ့အခါမှာ ကိုယ်ရေးချင်၊ တင်ပြချင်တဲ့ အကြောင်းအရာ ကို ပီပီပြင်ပြင်မရေးနိုင်တာက အင်မတန်ဆိုးရွားတယ်ဆိုတာ ကိုယ်တိုင်သိနေတဲ့အခါကျတော့ လွန်ခဲ့တဲ့ အချိန် ကာလ,တွေတုန်းက ရေးသားတင်ပြခဲ့တာတွေဟာ ကိုယ့်အိမ်အလည်လာတဲ့ဧည့်သည်ကို မချေမငံစော်ကားမိ နေပါလားဆိုတာ တွေးမိပြီး အလိုလိုစိတ်မကောင်းဖြစ်ရပါတယ်။

အခုရော လို့မေးလာလျင်။ အခုလည်းထူးမခြားနားပါပဲ။ အတတ်နိုင်ဆုံးတော့ အပီအပြင်ဆုံးတင်ပြပေးနိုင် အောင်ကြိုးစားရင်း ရေးချင်နေတာကိုရေးချလိုက်တယ်ဗျာ။ ရေးသင့် မရေးသင့် ဆိုတာစဉ်းစားမနေတော့ဘူး။
ကျုပ်က ထိုင်းမြန်မာနယ်စပ် ကရင့်တော်လှန်ရေးနယ်မြေ ရွှေထီးဆောင်းခဲ့တဲ့ ကာလ,ကိုသတိရတယ်ဗျာ။ အတိတ်ကို တမ်းတ,နေလို့ဘာမျှမဖြစ်နိုင်မှန်းသိပေမယ့် သတိရ,မိတာတော့အမှန်ပဲ။ ကော်မူးရာစခန်းဗျာ သိ ကြမှာပါ။ အဲဒီစခန်းကို တနေ့တော့ ဗိုလ်ချုပ်မြ ရောက်လာတယ်ဗျ။ အဲဒီတုန်းက ကေအင်ယူရဲ့ အထွေထွေအ တွင်းရေးမှူးက ဗဒိုစောသန်းအောင်။ ဥက္ကဌက မန်းဘဇံ။

ကျုပ်တို့ ကော်မူးရာစခန်းမှာ အမြဲတမ်းလိုလို မူးနေတတ်တဲ့ ကိုအောင်ကြီးဆိုတာရှိတယ်ဗျ။ သူဆုံးသွားတာကြာ လှပါပြီ။ အရက်ကြောင့်ပေါ့ဗျာ။ သူဘာပြောသလဲသိလား? သူ့ခံစားချက်ပေါ့နော်။

ဒီမှာညီ ကိုယ်မင်းကိုပြောမယ် ကိုယ်တို့ တော်လှန်ရေးထဲမှာလေ ဘုရားကျောင်းခေါင်းလောင်းကိုခေါက်ပြီး အ ပွင့် ရ,သွားတဲ့လူတွေအများကြီးကွ၊ ကိုယ်ကတော့ ရှတ်ကိုင်တယ်၊ ရေချိန်လွန်လျင်တွေ့ရာနေရာမှာ ဥသြဆွဲ တယ်၊ ဒီတော့ ရှေ့တန်းဘယ်လောက်ထွက်ထွက် ဘယ်လောက်ပဲသွားသွား အပွင့်တက်ကိုမတက်ဘူး။ ကိုယ်သီချင်း တပုဒ်ဆိုပြမယ်၊ မူးလို့ဆိုပြတာမဟုတ်ဘူးနော်၊
စိုင်းထီးဆိုင်သီချင်းကွာ အကြီးတလုံး အသေးတလုံး ကမ္ဘာကြီးမေ့အောင်သောက်လိုက်မယ် ကိုယ့်ဘဝကို အ ရှုံးပေးလို့ ကိုယ့်ခေါင်းစိုက်အောင်သောက်လိုက်မယ်၊ မူးမယ်ဟိုနားသွားလဲဒီနားသွားလဲ ရေလည်ကျွန်းမှာ တော် လှန်ရေး မင်းကြောင့် ကိုယ်အရက်သောက်ပြီလေး တော်ပြီဆက်မဆိုတော့ဘူး ခြောက်ပေါက်ထဲဝင်နေဦးမယ်

အဲဒီလိုခံစားနေရ,တဲ့ သူတွေရှိသလို ဖါးသူးလားဆိုတဲ့ လူတယောက်ကလည်း ဒီလိုဆိုပြန်တယ်ဗျ၊ ဒီမှာညီ ကိုယ်တို့တော်လှန်ရေးတပ်သားဆိုတာ ကြေးစားတပ်မဟုတ်ဘူး၊ လ,စာမလိုဘူး၊ စည်းရုံးတတ်လျင် မဆလ တပ်က ကောင်တွေထက် ဝင်ငွေကောင်းတယ်ကွ
အဲဒီလိုအပြောတွေနဲ့ မူးနေတတ်ပြန်တယ်။ သူက ခလရ ၄၄ တပ်ကနေ ကေအင်ယူထဲဝင်လာတဲ့ အသားမဲမဲ အရပ်မနိမ့်မမြင့်နဲ့၊ မိန်းမ,တော့ပွေသလားမမေးနဲ့၊ သူလည်းလူ့လောက,ကြီးထဲက ထွက်သွားတာကြာလှပေါ့ဗျာ။

ဟိုတနေ့က ဘာလဲဗျာ မယ်လဒုက္ခသည်စခန်းက ဒုက္ခသည်အိမ်ထောင်စု သုံးစုဆိုလား ဂျပန်ကိုရောက်သွားကြ တယ်ဆိုတာ ဘလော့တွေပေါ်မှာတွေ့လိုက်တယ်၊ အဲဒါကြောင့် ကရင်လူမျိုးနဲ့ဂျပန်လူမျိုးတွေအကြောင်းရေးချင် တဲ့စိတ်က ပေါ်လာတာ။

ဗိုလ်ချုပ်မြရောက်လာတာ ပြောဘို့မေ့သွားတယ်ဗျာ၊ ဗိုလ်ချုပ်မြရောက်လာတော့ ဘာပြောသွားလဲသိလား? တိုင်းပြည်မရှိတဲ့ လူမျိုးတမျိုးဟာ သခင်မရှိတဲ့ခွေးလိုပဲ၊ ဟိုချောင်တိုးလျင် ဟိုကရိုက်ထုတ်၊ ဒီချောင်တိုးလျင် ဒီ ကရိုက်ထုတ်နဲ့ ဘာမျှအသုံးမကျဘူး၊ အဲဒီတော့ ကရင်တွေမှာ တိုင်းပြည်ရှိဘို့လိုအပ်တယ်။

အဲဒါကဟိုးလွန်ခဲ့တဲ့ ကာလ,တုန်းကဗိုလ်ချုပ်ကြီးစောဘိုမြပြောသွားတဲ့စကား၊ အဲဒီစကားကို ထပ်သုံးတဲ့လူတ ယောက်ရှိတယ်၊ သူကတော့ တပ်ထိန်းမာစ်တန်း(ကညောသူး)။ သူ့ကိုမသိတဲ့လူကတော့ မရှိသလောက်ပါပဲ။သူ့ နဲ့ဆုံလျင် အဲဒီစကားလုံးကို ဆိုင်ဆိုင်မဆိုင်ဆိုင်ကြားညှပ်ပြောနေတာက သူ့အတွက်ကိုယ်ပိုင်မှတ်ပုံတင်တခုလို ဖြစ်နေတယ်။

ဘလော့တခုကိုရောက်သွားတော့ အဖေါ်အချွတ်မှာနာမည်ကြီးတဲ့ဂျပန်မလေးက သူ့နဲ့အတူလာအိပ်ဘို့ဂျပန်မှာ ပညာတော်သင်လာကြတဲ့ တရုတ်ကျောင်းသားတွေကို ဖိတ်တယ်ဆိုပဲ။ ငွေကြး ဘာညာကွိကွ တခုမှပေးစရာမ လိုဘူးတဲ့။ ဘာကြောင့်လဲဆိုတော့တဲ့ ဂျပန်တွေ တရုတ်နိုင်ငံကိုဝင်တိုက်တုန်းက တရုတ်မ,တွေ အဓမ္မပြုကျင့်ခံ ရတဲ့သမိုင်းကြောင်းကို သိရတဲ့အတွက် စာနာသနားပြီးပြန်ပေးဆပ်တာတဲ့ဗျာ။

ရှုတ်ကုန်ပြီ။ ဗိုလ်ချုပ်ကြီးစောဘိုမြ ကော်မူးရာရောက်တာ၊ကရင်ဒုက္ခသည်တွေ ဂျပန်ကိုရောက်သွားတာ၊ ဂျပန်မ လေးရဲ့ ပြန်ပေးဆပ်တဲ့အကြောင်း၊ ရေးချင်တာက ကရင်နဲ့ဂျပန်အကြောင်း ဘာမျှဆက်စပ်လို့မရ,ဘူး၊ ကျုပ်စာ ရေးနေတာရပ်ပစ်လိုက်ချင်ပြီ။ ခေါင်းတွေပူလာတယ်ဗျာ။

ကျုပ်မှာညဘက် အိပ်လို့မရ,တဲ့ ရောဂါတခုထပ်ဖြစ်နေ တယ်။ အဲဒါလွန်ခဲ့တဲ့အပတ်တုန်းက ဆေးရုံမှာတည သွားအိပ်လိုက်ရသေးတယ် ဝါယာကြိုးတွေတကိုယ်လုံးနဲ့ အိပ်ယာဝင်တာ တာဝန်ရှိတဲ့လူက ကျုပ်အိပ်ခန်းကို တချိန်လုံး ကင်မရာနဲ့စောင့်ကြည့်ပြီး ကျုပ်ရဲ့ ဦးဏှောက်ကို စမ်းသပ်တာလား စစ်ချက်ယူတာလား မသိဘူး။ တညကို အမေရိကန်ဒေါ်လာ ၈၀၀ ကနေ ၂၄၀၀ ကြားပေးရတဲ့ နေရာပေါ့ဗျာ။ ကျုပ်ကတော့ တပြားမျှပေးစရာမလိုဘူး။ အစိုးရရဲ့ ဆေးအာမ,ခံနဲ့ သွားအိပ်တာ။

အခုကျုပ်စာရေးနေတာ တချက်တချက်မေ့သလိုလို ငိုက်သလိုလိုဖြစ်နေတယ် ဘာတွေရေးနေတယ်ဆိုတာ ကောင်းကောင်းမမှတ်မိဘူး၊ ဘာအကြောင်းကို အဓိက,ထားရေးနေတယ်ဆိုတာသိပ်မသိဘူး။ ရောကောသော ကောဖြစ်နေတာတော့ သိသလိုလိုတော့ရှိတယ်။

ဆံပင်က ကြာဇံဖြစ်နေပြီ၊ သွားကလည်းအတု၊ မျက်လုံးကလည်းအမြင်မရှင်းဘူး၊ နားကလည်း သိပ်မကြားဘူးဗျ တခါတလေဆံပင်ကိုဆေးဆိုးတယ်၊ မျက်မှန်တတ်ပြီး အင်တာနက်ထဲမှာ ဟိုဟာဒီဟာဟိုပုံဒီပုံတွေလိုက်ကြည့် တယ်၊ သွားတုတပ်ပြီးစားချင်တာစားတယ်၊ နားကြပ်တတ်ပြီး ဟိုအကြောင်းဒီအကြောင်းနားထောင်တယ်၊ ပြီး တော့ အိပ်လို့မရ,လျင် အိပ်ဆေးစားပြီးအတင်းအိပ်တယ်။ မိုးလင်းလို့အိပ်ယာကထ,တော့ မူးကြောင်ကြောင်နဲ့ တော်တော်ကို အဆင်မပြေတာ။

သဘာဝ,အတိုင်းနေလို့ဖြစ်လျက်ကယ်နဲ့ လူကအတတ်ကျူးတာဆိုတော့ ပူပင်သောက,တွေ ရောဂါဆန်းတွေနဲ့ နပမ်းလုံးနေတာပေါ့၊ သွားကျိုးတယ်ဆိုတာ အသက်ကြီးလာပြီလေ၊ အစာအိမ်က ငယ်ငယ်တုန်းကလို မကောင်း နိုင်တော့ဘူး၊ ပျော့ပျော့လေးနူးနူးလေး စားမှသင့်တော်မှာပေါ့၊ ဆံပင်တွေဖြူတယ်ဆိုတာကလည်း အကြောင်း အရာတွေအများကြီး မစဉ်းစားခိုင်းတော့ဘူးလေ၊ နားထိုင်းနေတာက ငယ်ငယ်တုန်းကလို နှလုံးကကောင်းတာ မဟုတ်တော့ အားလုံးကိုကြားလို့မဖြစ်ဘူးဆိုတာ သဘာဝကအလိုအလျှောက်ပြုပြင်ပေးတာဗျ။

မျက်လုံးလည်း အဲဒီအတိုင်းပဲ ဟို အသက်ကရ,လာပြီဆိုတော့ ဟိုဟာဒီဟာ အရာခပ်သိမ်းကို တွေ့လို့မဖြစ်တော့ဘူး။ စိတ်သွား တိုင်းကိုယ်မပါနိုင်တော့ ဟိုဒင်းမြင်လို့ ဟိုဟာဖြစ်လျင်ဟိုဟာမနိုင်တာနဲ့ဒီဟာမနိုင်တာနဲ့ မလွယ်ဘူးလေ။

အခုလည်းကြည့် ဂျပန်နဲ့ကရင်အကြောင်းရေးမယ်ဆိုပြီး မနိုင်မနင်းဖြစ်ကုန်ပြီဆိုတာ သက်သေပြနေတာပဲမို့လား အဲဒါဘာလဲ ဗိုလ်ချုပ်ကြီးစောဘိုမြပြောသလို တိုင်းပြည်မရှိတဲ့လူမျိုးဆိုတော့ ကိုယ်ရေးလိုက်တဲ့အကြောင်းအရာ ကို အထူးသဖြင့် (ဂျပန်နဲ့ကရင်အကြောင်းဆိုတော့ဗျာ) ဂျပန်တွေက လက်ခံမှာတဲ့လား?

ဒီလိုဗျာ ကျုပ်တို့နိုင်ငံဟာ ဗြိတိသျှကိုလိုနီဖြစ်ခဲ့ပြီးတဲ့နောက် ဂျပန်ဝင်တယ်ဗျာ၊ ဂျပန်ကိုတခါ မဟာမိတ်တပ်ဆို တာနဲ့တိုက်ထုတ်တယ်ဗျာ။ ပြဿနာက အဲဒီကစ,တာပဲ။ အဓိကတရားခံက ဗြိတိသျှနဲ့ဂျပန်။ ကဲစ,ရေးပြီနော် ကျုပ်ကတော့ အဲဒီခေတ်အဲဒီအခါကို မမှီလိုက်ပါဘူး၊ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုကိုရောက်လာတော့ မဟာမိတ်တပ်မှာ အမှုထမ်းခဲ့တဲ့ အမေရိကန်စစ်ဗိုလ်(အငြိမ်းစား)တယောက်နဲ့တွေ့တယ်ဗျ။

သူက ကချင်စကားကောင်းကောင်းပြောတတ်တယ်၊ (Labya)(လဗျ မျိုးနွယ်စုစကား) ကချင်မှာလည်း မျိုးနွယ်စု တွေရှိသလားတော့မသိဘူး။ သူ့မှာမြန်မာပြည်နဲ့ နယ်စပ်ချင်း ဆက်စပ်နေတဲ့ နယ်ခြားတောင်ကြားလမ်းမြေပုံအ တော်များများ ရှိနေတာတွေ့ရတယ်။ သူပြောပြတာက အောင်ဆန်းဆိုတဲ့ပုဂ္ဂိုလ်ဟာ အင်မတန်ဥာဏ်များတယ် ဗြိတိသျှကိုတိုက်ဘို့ ဂျပန်ကိုခေါ်လာတယ်၊ တခါဂျပန်ကိုတိုက်ဘို့ ဗြိတိသျှတပ်ကို(မဟာမိတ်တပ်)ခေါ်ပြန်တယ်။ ဒါကြောင့် အောင်ဆန်းဟာ ပြန်ပါပြန်ပါဆိုလည်း အောင်ဆန်းပဲ၊ လာပါလာပါဆိုလည်း အောင်ဆန်းပဲ။
ကရင် တွေက ဂျပန်ကိုတိုက်နေတာ ဂျပန်တွေစ,ဝင်ကတည်းကပဲ။

ပြောမယ်ဆိုလျင် ဗြိတိသျှကိုတလျှောက်လုံးအကူ အညီပေးခဲ့တာ၊ အောင်ဆန်းကတော့ မဟာမိတ်တပ်တွေအားကောင်းလာပြီး ဂျပန်တွေစစ်ရေးနိမ့်နေတဲ့အချိန်မှ ဗြိတိသျှနဲ့ပေါင်းတာ။ အဲဒီလိုဂျပန်တွေကိုတိုက်တဲ့ ကရင်လူထုတွေ ဂျပန်သတ်လို့သေသွားတာမနည်းဘူး။

ကလေးသူငယ်တွေ ကရင်အမျိုးသားအမျိုးသမီးတွေ စစ်ဆိုကတည်းက အကြမ်းဖက်တာတို့ဘာတို့ဆိုတာက ထူးဆန်းတာမှမဟုတ်ပဲ။ (လက်ရှိ နအဖ စစ်အုပ်စုကျင့်သုံးလျက်ရှိသည့်သေနင်္ဂဗျူဟာ)

ဒါကတော့ အမေရိကန်အငြိမ်းစား စစ်အရာရှိတယောက်ရဲ့ ပြောပြချက်ပါ။ သူ့ကို အဲဒီအကြောင်းတွေ စာရေးဘို့ အကြံပေးခဲ့သေးတယ်။ သူကလည်း မကြာခင်မှာ ရေးမယ်လို့တော့ပြောတာပဲ။ မတွေ့ဖြစ်တာကြာလှပေါ့ဗျာ။ သူစာရေးလား မရေးဘူးလားဆိုတာလည်း ကျုပ်မသိဘူး။ ကျုပ်ကတော့ ရေးတာပဲ။ ဘယ်သူမျှမဖတ်ချင်တဲ့ စာ မျိုးတွေ၊

စောစောက ဂျပန်မလေးအကြောင်းဆက်ရအောင် ဟုတ်ပြီ ဂျပန်တွေ တရုတ်ပြည်ထဲဝင်တုန်းက တ ရုတ်မ,တွေကို မုဒိန်းကျင့်ခဲ့သလို ကျုပ်တို့ ကရင်အမျိုးသမီးတွေလည်း ဂျပန်မုဒိန်းကျင့်တာ ခံခဲ့ရတာပဲလေ။

မုဒိန်းကျင့်တာခံရတာချင်းအတူတူ တရုတ်ကိုကျတော့ သူ့နဲ့လာအိပ်ဘို့ဆိုပြီးပြန်ပေးဆပ်တယ်တဲ့။ ကျုပ်တို့ က ရင်ကျတော့ ဘာသံမျှမကြားရဘူး။ ဘယ်ကြားရပါ့မလဲဗျာ။ ဗိုလ်ချုပ်ကြီးစောဘိုမြပြောခဲ့သလို တိုင်းပြည်မျှမရှိတဲ့ ဥစ္စာ။

ဂျပန်ခေတ်တုန်းကဆိုလျင် ကရင်အမျိုးသမီးတွေဟာ ဂုံနီအိပ်ကိုခြုံရင်း မျက်နှာကို အိုးမဲသုတ်ပြီးနေကြရတယ်၊ အဲဒီလိုလုပ်မထားလို့ ဂျပန်တွေတွေ့လို့ကတော့ နည်းသေးတယ် မိဘမောင်ဘွားရှေ့မှာပဲ ဘဝ,ဆုံးကုန်တာ။ ဘဝ,ပျက်ကြရတာ။ အဲဒါကိုပြန်ပြောပြသူတွေကတော့ ကော့ကရိတ်မြို့နယ် မြပတိုင်ကျေးနယ်ဘက်က ကရင်အ ဘွားအိုတွေပါ။ မြစ်ဝကျွန်းပေါ်ဘက်မှာဆို ပိုဆိုးတယ်ဆိုပဲ။ စကားမစပ်ပြောရ,ဦးမယ် ဂျပန်တွေရေချိုးတာ ကိုယ်လုံးတီး(မိမွေးတိုင်း ဘမွေးတိုင်း)ဆိုပဲ။ တနေ့တော့ ကရင်တယောက်က တောပစ်ပြန်လာတော့ သူတို့အုပ် စု ရေတွင်းဘေးမှာစုပြီးရေချိုးနေတယ်တဲ့။ အဲဒီခေတ်တုန်းက ဒူးလေးခေတ်။တောပစ်သွားလျင် ဒူးလေးသုံး တယ်။ အဲဒါ သူတို့ထဲက တယောက်က အဲဒီဒူးလေးနဲ့ သူ့ကိုပစ်ခိုင်းတယ်၊ သေနိုင်တယ်လို့ပြောတာ မရ,ဘူး။ အဲဒါ ဒူလေးနဲ့ပစ်တော့သေတာပေါ့ဗျ ကျန်တဲ့ဂျပန်စစ်သားတွေဝိုင်းရယ်(ရီ)ကြတယ်ဆိုပဲ။ (ဂျပန်ရူးပုံ)

နောက်တခါ ကရင်ဗမာအဓိကရုဏ်းဆိုတာကို ပြန်ကြည့်ပြန်တော့ အစွန်းရောက်ဗမာသခင်အချို့က ကရင်တွေ ကိုသတ်တာ ကရင်တွေက ဗမာတွေကိုသတ်တာ အခုထက်ထိသတ်နေကြတာ။ အဲဒီခုနတင်က ပြောခဲ့သလို ကရင်တွေ ဗြိတိသျှအပေါ်ထားတဲ့သဘောထားကြောင့်ဆိုတာ နားလည်မိတယ်။

အခုတော့ ကရင်တွေဟာ ဗမာ စစ်အုပ်စုကြောင့် ဒုက္ခသည်ဘဝရောက်ပြီး အိုးမဲ့အိမ်မဲ့နေစရာမရှိစားစရာမရှိတဲ့အခါကျတော့ ဗြိတိသျှကလည်း နားမထောင် ဂျပန်ကလည်းဂရုမစိုက် ဗိုလ်ချုပ်ကြီးစောဘိုမြပြောသလို နိုင်ငံမရှိတဲ့လူမျိုးလေဗျာ။ မှတ်ကရောပဲ။

ကရင်တွေက ဗြိတိသျှတွေအပေါ် ဒီလောက်သစ္စာရှိခဲ့တာ ကောင်းခဲ့တာတောင် ကရင့်အရေးကို ပြန်မကြည့်တာ တော့ ကျုပ်လည်းနားမလည်နိုင်တော့ဘူး။ ဂျပန်လည်းမထူးဘူး၊ သူတို့ကရင်အမျိုးသမီးတွေအပေါ် ကျူးလွန်ခဲ့ တဲ့ပြစ်မှုတွေက နည်းနည်းနောနော မဟုတ်ဘူးနော်။ ကလေးတွေကိုဆုံထဲထည့်ထောင်းတယ်ဆိုတာ ကရင်တွေ ဟာ ဗြိတိသျှရဲ့သူလျှို (ဒလျှို ဒလန်)တွေဖြစ်တယ်ဆိုပြီးလုပ်ကြတာလေ။

ကျုပ်တို့အတွက် ဘာနစ်နာကြေးများပြန်ပေးလို့တုန်း။(ဗိုလ်ချုပ်ကြီး စောဘိုမြ စကားထည့်ပြောလိုက်ပါတယ်) ဒုက္ခသည်ကိုခေါ်တာတောင်မှ ခိုင်းလို့အဆင်ပြေမယ့် မိသားစုကိုမျှစိစစ်ပြီးရွေးခေါ်တာလေ။(ကျုပ်ယူဆတာ) ဘဝပြန်လည်ထူထောင်ပေးဘို့ မဟုတ်ဘူး။ သူ့နိုင်ငံကလည်း လူဦးရည်ထူထပ်တာနဲ့ ကျုပ်တော့မနေနိုင်ပေါင်။

မြန်မာနိုင်ငံဧရိယာရဲ့ တဝက်ပဲရှိတဲ့ နိုင်ငံ(ကိုယ်ကနိုင်ငံမဲ့)ထားလိုက်ပါတော့ ကဲ အခုကရင်ဒုက္ခသည်တွေအပေါ် တာဝန်မဲ့လွန်းတဲ့ ဂျပန်နဲ့ဗြိတိသျှကို ကျုပ်တို့ဘယ်လိုအထောက်အထား၊ အချက်အလက်တွေနဲ့(ခိုင်လုံတဲ့)ပြော ဆို ဆွေးနွေးကြမှာလဲ။ (ဗိုလ်ချုပ်ကြီး စောဘိုမြစကားအတိုင်း)

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

မှတ်ချက် အဲဒီဂျပန်မလေးရဲ့ နာမည်နဲ့ ကျုပ်တွေ့ခဲ့တဲ့ ဘလော့လိပ်စာကို ပြန်ရှာပြီးလျင် ပြန်ရေးပြပါ့မယ် အခုတော့ မရှောနိုင်သေးဘူး နားလည်ပေးစေချင်ပါတယ်။

1 comments:

မန်းကိုကို said...

တော်တော်ဆိုးတဲ့သူ၊ ဂျပန်မအကြောင်း မဆီမဆိုင် ရှောက်ပြောတယ်။
နိုင်ငံနဲ့ ဂျပန်မ ဘာယူမလဲဆိုရင် ဘယ်လိုလုပ်မှာတုန်း၊ ရာဇဝင်မှာ အမည်းစက်ထင်ရုံမကပဲ ဆေးမဲနဲ့ ပုံးလိုက်လောင်းချထားသလို ဖြစ်နေအုံးမယ်နော :-)

နိုင်ငံကိစ္စကတော့ ပြောရင်ရှည်နိုင်ပါတယ်။ အခြေခံအားဖြင့်တော့ ဖြစ်ချင်တာ၊ ဖြစ်သင့်တာနဲ့ ဖြစ်နိုင်တာတွေကို ချိန်ညှိဖို့တော့ လိုပါလိမ့်မယ်။ တည့်တည့်ပြောရင်၊ ဒါမှမဟုတ်လည်း သုံးသပ်ပြရင် ဗမာတွေက နှာခေါင်းရှုံ့မယ်။ အချို့လည်း ဒေါသထွက်မယ်။ ကရင်တွေကလည်း လက်ခံမှာမဟုတ်ဖူး။ အခန့်မသင့်ရင် ဖေါက်ပြန်ရေးသမား နာမည်သစ်တောင် ရသွားနိုင်သေးတယ်။

ခုလည်းကြည့်လေ။ ဆရာသမား ရေးသာရေးနေတယ် ဘယ်သူလာပြီး ကွန်မန့်တောင်ပေးလို့တုန်း။ အဖြေဝိုင်းရှာဖို့၊ ညီညာသင့်တဲ့နေရာမှာ ပူးပေါင်းလုပ်ဖို့အစား သူများကိုလက်ညှိုးထိုးပြီး ကိုယ်တွေလည်း ဘာမှမလုပ်တော့ ရှေ့ကနေ ပြောတဲ့လူက သောက်ရူးဖြစ်ရော မဟုတ်လား။ ဒါက ကရင်တွေကိုပြောတာ။ အခြားလူမျိုးတွေကတော့ ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် ထင်ကြတာမှမဟုတ်ပဲ ဆရာရဲ့။ စိတ်လည်း သွားဆိုးလို့ မရပြန်ဖူး။ အခြေအနေကို ပြောပြတာနော်။

ဂျပန်နဲ့ အင်္ဂလိပ်ကိစ္စ အတိုချုပ်ပြောရရင်တော့ ဂျပန်တွေ တရုတ်ကိုသတ်တာ သိန်းနဲ့ချီတယ်လေ။ အင်္ဂလိပ်တွေကတော့ ငယ်ကျွန်ကြီးများကို အတိုင်းအတာ တစ်ခုအထိတော့ ပြန်ကြည့်ပါတယ်။ ခက်တာက ကိုယ့်လူတွေကလည်း လိုတာတွေရှိခဲ့ ရှိနေတုန်းလေ။ မြင်တဲ့သူတွေ ရှိပါတယ်၊ ဒါပေမယ့် ဘယ်သူနားထောင်မလဲ ဆိုတာကလည်း ပြဿနာရှိပြန်ရော။ ဒီတော့ ဆရာတို့ ကျနော်တို့လို ဘလော့လေးထောင်။ တောင်ပြောမြောက်ပြောနဲ့ လူမလေး ခွေးတွေကမခန့် ဘဝတွေပေါ့ဗျာ။

အနီးဆုံး မျိုးချစ်ကရင်ဆိုသူတွေရဲ့ ဘလော့နဲ့ ဝက်ဘ်ဆိုဒ်တွေ သွားကြည့်ပါလား။ ကိုယ့်ကရင် ဘလော့နဲ့ ဝက်ဘ်ဆိုဒ်စာရင်းတောင် စုံအောင်တင်ကြရဲ့လားဆိုတာ။ ဆက်ပြောရင် လက်တောက်လောက်ကလေးတွေက မော့မော့ မော့မော့နဲ့ ထပြောကြတော့မှာမို့ ပြဿနာနည်းရန်စဲ ဒီလောက်ပါပဲ ဆရာရယ်။

Post a Comment