+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, December 13, 2010

မေတ္တာ ဆုံး မ စကား များ

မေတ္တာ ဆုံး မ စကား များ

အတိတ်ကိုတွေး မဆွေးလေနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။

အနာဂါတ်မှန်းဆ မလွမ်းတနဲ့
အနာဂါတ်ဆိုတာ မသေချာဘူး။

ပစ္စုပ္ပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။

(ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)



ဖြစ်ပြီးအဟောင်း၊
တိတ်ဇာတ်ကြောင်းကို၊
ပြန်ပြောင်းစဉ်းစား၊
မငြီးတွားနှင့်။

နောင်ခါဖြစ်လတ်၊
အနာဂါတ်ကို၊
ဇာတ်ကြောင်းတွေးတော၊
စိတ်မမောနှင့်။

ဖြစ်ဆဲဧကန်၊
ပစ္စုပ္ပန်ကို ဝေဖန်ဉာဏ်ရှု၊
မျှတမှုဖြင့် ပူမှုကင်းစွာ၊
နေစမ်းပါလော့။

သို့ပါလေမှ၊
သင့်ဘ၀၀ယ် ဒုက္ခကင်းစွာ၊
ချမ်းသာလာလိမ့်။

(ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ)
Source http://www.paungku.com

0 comments:

Post a Comment