+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, December 28, 2010

ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ် ၂၀၀ ကျော် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ် ၂၀၀ ကျော် တွေ့ဆုံ
2010-12-28

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းနဲ့ ပြည်နယ် အသီးသီးက NLD အဖွဲ့ ဝင် မဟုတ်တဲ့ လူငယ် နှစ်ရာကျော်နဲ့ ရွှေဂုံတိုင်လမ်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြတယ်လို့  သတင်း ရရှိပါတယ်။

NLD အဖွဲ့ ဝင် မဟုတ်တဲ့ အသက် ၃၅ နှစ်အောက် လူငယ်တွေနဲ့  ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့  ဒီကနေ့ ဆွေးနွေးပွဲနဲ့  ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် ဦးဥာဏ်ဝင်းက RFA ကို အခုလို ရှင်းလင်း ပြောဆိုပါတယ်။

"ဒီနေ့ ဆွေးနွေးပွဲကတော့ လူငယ်တွေ မိမိတို့ရဲ့ သဘောထား လွတ်လွတ်လပ်လပ် ပြောနိုင်အောင် ခေါင်းစဉ်မတင်ဘူး။ လူငယ်တွေကလည်း သူတို့ခံစားရတာတွေ၊ သူတို့ရဲ့ သဘောထား၊ သူတို့ သိချင်တာတွေကို ပြောကြပါတယ်။

အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူတွေရဲ့ အသံကို သူက ကြားချင်တယ်လို့  ပြောပါတယ်။

NLD မဟုတ်တဲ့ လူငယ်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်ပါတယ် ဆိုပြီး တင်ပြလာတာတွေ ရှိတယ်။ ဒီလို ပြောလာတော့ ဒီကနေ့ တွေ့ဆုံကြတာပါ။"

ဒီကနေ့ ဆွေးနွေးပွဲမှာ လူငယ် ကွန်ယက် ဖွဲ့ စည်းရေးကိစ္စ၊ ပညာရေး ကိစ္စတွေနဲ့  ဥပဒေရေးရာတွေ အပြင် လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့  အခန်းကဏ္ဍတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့  လူငယ်တွေ အပြန်အလှန် ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲနဲ့  ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို မခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။






Copyright © 1998-2010 Radio Free Asia. All rights reserved.

0 comments:

Post a Comment