+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, December 13, 2010

အသိကလေးဝင်ပြီး သတိရသွားဖို့ပါ

အသိကလေးဝင်ပြီး သတိရသွားဖို့ပါ



မင်္ဂလာပါ ဓမ္မမိတ်ဆွေများခင်ဗျား…
ဓမ္မမိတ်ဆွေများကို…. ချစ်ခင် လေးစား တန်ဖိုးထား၍ တန်ဖိုးရှိတဲ့အချိန်ကလေး မလွန်ခင်မှာ အသိဝင်ဖို့ သတိမီးမှောင်းထိုးပြရင်း ဓမ္မမိတ်ဆွေများကို ကျေးဇူးဆပ်ပါတယ်…

လောကရဲ့ တန်ဖိုးဆိုတာ… ၁) ကိုယ်ကျင့်တရား... ၂) တည်ကြည်မှု… နှင့် ၃)အမှား-အမှန်ကို ပိုင်းခြားသိ၊ ထိုးထွင်းသိသည့် အသိဉာဏ်ပါပဲ…
ဒီတန်ဖိုးတွေရှိလာဖို့ တန်ဖိုးမြှင့်တဲ့ အလုပ်ကို လုပ်ဖို့ လိုပါသည်။ တန်ဖိုးမြှင့်တဲ့အလုပ်ဆိုတာက အတိုထုတ်၍ ပြောရရင် ရှုဆဲရှိုက်ဆဲခိုက်၌ ပေါ်တဲ့ သိစိတ် နောက်မှာ သတိသွင်း၍ ဉာဏ်အမြင်လင်း ပေးတဲ့အလုပ်ပါ…

တန်ဖိုးရှိတဲ့အလုပ်ကို လုပ်လိုက်တဲ့အချိန်သည် တန်ဖိုးရှိတဲ့ အချိန်ဖြစ်သွားပါတယ်… တန်ဖိုးရှိတဲ့အချိန်ကို ပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားရမည်မဟုတ်ပါလား..?
တန်ဖိုးရှိတဲ့အလုပ်ကို လုပ်ခွင့်ရတဲ့ဘဝသည် တန်ဖိုးရှိတဲ့ ဘဝဖြစ်သွားပါတယ်…
တန်ဖိုးရှိတဲ့ဘဝကို ပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားရမည်မဟုတ်ပါလား..?
တန်ဖိုးရှိတဲ့အလုပ်ကို လုပ်ခွင့်ရတဲ့သူသည် တန်ဖိုးရှိတဲ့သူဖြစ်သွားပါတယ်…
တန်ဖိုးရှိတဲ့သူဖြစ်အောင် ကြိုးစားရမည်မဟုတ်ပါလား..?

ကိုယ့်ကိုယ် ကိုယ်ကပဲ တန်ဖိုးမဲ့အောင်လည်း လုပ်ခဲ့တာတွေ မရေမတွက်နိုင်တဲ့ အနန္တ များလှပြီ… ယခု တန်ဖိုးရှိအောင်လေးတော့ တစ်ကြိမ်မျှ အချိန်ပေးပြီး ကြိုးစား၍ လုပ်သင့်ပြီ…

ကိုယ့်လုပ်ရပ်တွေ တန်ဖိုးရှိလာပြီဆိုရင် တန်ဖိုးရှိရှိလာတဲ့သူ ဖြစ်လာပြီပေါ့…
ကိုယ်ဟာ တန်ဖိုးရှိလာတဲ့သူအဖြစ်ကို မြင်လာမှ ကိုယ့်ကိုယ်ကို လေးစားမှု ရှိလာတယ်.. ယုံကြည်မှုရှိလာတယ်…
ကိုယ့်ကို လေးစားမှုရှိလာပြီ… ယုံကြည်မှုရှိလာပြီဆိုရင်… အဲဒီမှာ ဘဝရဲ့အရသာထူးကို ခံစားရတာပဲ…
ဘဝဆိုတာ မသုံးတတ်ရင်တော့ အရသာဆိုးတွေပဲ ခံစားရမယ်.. သုံးတတ်ရင်တော့ သူ့ကြောင့်ပဲ အရသာထူးတွေ ရရှိသွားကြတာပဲ…
ဘဝရဲ့ အရသာထူးဆိုတာ လောကဓံတွေနဲ့ တွေ့ကြုံရရင် မတုန်လှုပ် မခြောက်ခြားဘဲ အေးဆေးတည်ကြည်၍ ခန့်ညားနေမှုပါပဲ…

လေးစားစွာဖြင့်
ဝင်းမြင့်

http://thitsartayar.dhammathukha.com
ဆိုဒ်မှ ထပ်ဆင့်ယူ၍မျှဝေပါသည်

Source from http://www.paungku.com

0 comments:

Post a Comment