+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, December 29, 2010

မြန်မာနိုင်ငံ၏ လက်ရှိ အသက်ကြီးဆုံးပုဂ္ဂိုလ် (၁၁၉နှစ် )

အဘွားဒေါ်မြကြည် (ခ)ဒေါ်မြကြီး အသက် (၁၁၉နှစ် )

လက်ရှိမြန်မာနိုင်ငံတွင် အသက် အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ၊ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးခဲ့သူ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်၊ ပေါက်ခြံကုန်းကျေးရွာတွင် နေထိုင်လျက်ရှိသည့် အဘွားဒေါ်မြကြည် (ခ)ဒေါ်မြကြီးကို ၂၀၁၀ ပြည့်နှစ် အတွင်း ထင်ရှားကျော်ကြားသူတစ်ဦး အဖြစ် ဖော်ပြလိုက်ရပါသည်။

၁.၉.၁၉၅၈ ခုနှစ်တွင် မှတ်ပုံတင်ဌာနက ထုတ်ပေးခဲ့သော မှတ်ပုံတင် နှင့် မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့၏ ကောက်ယူထားသော အသက်၁၀၀နှစ် နှင့်အထက် အဘိုးအဘွားများစာရင်းအရ ဒေါ်မြကြည်သည် မြန်မာသက္ကရာဇ် ၁၂၅၄ ခုနှစ်သီတင်းကျွတ်လဆန်း ၁ရက်နေ့တွင် မွေးဖွားခဲ့ပြီး လက်ရှိအချိန်တွင် ၁၁၈ နှစ်ပြည့်ပြီး အသက်၁၁၉နှစ်အတွင်းသို့ ရောက်ရှိ နေသောကြောင့် မြန်မာနိုင်ငံတွင် အသက်ကြီးဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ် လာခဲ့ခြင်းဖြစ်သည်။

အမည်အရင်းမှာ ဒေါ်မြကြီး ဖြစ်သော်လည်း ငယ်စဉ်က မှတ်ပုံ တင်ပြုလုပ်ရာတွင် ဒေါ်မြကြည်ဟု ရေးခဲ့သောကြောင့် ဒေါ်မြကြီးမှ ဒေါ်မြကြည်ဟု ဖြစ်လာခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ဒေါ်မြကြည်သည် ဂင်းနစ်မှတ်တမ်း၏ ကမ္ဘာ့အသက်ကြီးဆုံးအဖြစ် မှတ်တမ်းတင်ခံရခဲ့ သည့် ပြင်သစ်နိုင်ငံရှိခရစ်စယာန် သီလရှင်အမျိုးသမီး Eugénie Blan-chard ထက်လေးနှစ် ပိုကြီးနေကြောင်း လည်းတွေ့ရသည်။ Eugénie Blan-chard သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် အသက် ၁၁၉ နှစ် ရှိသည့် အဘွားဒေါ်မြကြည်သည် ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို ဖြစ်နိုင်သည်ဟုလည်း မီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။

အမည်အရင်းမှာ ဒေါ်မြကြီး ဖြစ်သော်လည်း ငယ်စဉ်က မှတ်ပုံတင်ပြုလုပ်ရာတွင် ဒေါ်မြကြည်ဟု ရေးခဲ့သောကြောင့် ဒေါ်မြကြီးမှ ဒေါ်မြကြည်ဟု ၎င်းက ပြောပါသည်။

အဘွားဒေါ်မြကြည်သည် ဆေးလိပ်သောက်တတ်သူဖြစ်သော်လည်း ငယ်စဉ်ကတည်းကပင် အသား ငါးကို လုံးဝမစားဘဲထမင်းနှင့် အသီးအရွက်သာ အနည်းငယ်စားသောကြောင့် ယခုအချိန်အထိ အနည်း နားငယ်လေးရုံမျှလွဲ၍ ကျန်းမာရေး ကောင်းမွန်လျက်ရှိသည်။

ဒေါ်မြကြည်တွင် ဦးနီနှင့် သားသမီးသုံးယောက်ရရှိခဲ့ပြီး သားမြေး မြစ်များရှိသော်လည်း လက်ရှိတွင် ပေါက်ခြံကုန်း ဘုန်းကြီးကျောင်းအနီးတွင် သွပ်မိုးထရံကာ အိမ်ကလေးဖြင့် တစ်ဦးတည်း နေထိုင်လျက်ရှိသည်။

ဒေါ်မြကြည်သည် ညစာမစားဘဲ ဥပုသ်စောင့်ခဲ့သည်မှာ ၁၇နှစ်ပင် ရှိပြီဖြစ်ပြီး မိမိအားလှူဒါန်းကြသော အလှူငွေများကို တစ်ဖန်အလှူပြန် လှူလေ့ရှိရာ လက်ရှိနေထိုင်လျက် ရှိသော ဘုန်းကြီးကျောင်းတွင် ရေချိုးအုတ် ရေကန်တစ်ကန်ကို လှူရန် ဆန္ဒရှိနေကြောင်းလည်း သိရသည်။

ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျန်းမာရေး အဆင့်အတန်းမြင့်မားလာခြင်း၊ လူနေမှုပုံစံများ ပြောင်းလဲလာခြင်းတို့ကြောင့် မွေးနှုန်းကျဆင်းလာခြင်း၊ သေဆုံးနှုန်း လျော့ကျလာခြင်းနှင့်အတူ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် နှစ်စဉ် ၂ ရာခိုင်နှုန်း မြင့်တက်လျက်ရှိသည့် သက်ကြီးရွယ်အိုများတွင် မြန်မာနိုင်ငံရှိ အသက် ၁၁၉ နှစ်အရွယ် အဘွား ဒေါ်မြကြည်သည်လည်း တစ်ဦး အပါအ၀င်ဖြစ်သည်။

အဘွားဒေါ်မြကြည် (ခ) ဒေါ်မြကြီး၏ ကိုယ်ရေးအကျဉ်း

အမည် ဒေါ်မြကြည်

မိဘအမည် ဦးကာ+ဒေါ်ဖွားအုံ

မွေးသက္ကရာဇ် ၁၂၅၄ခုနှစ် သီတင်းကျွတ်လဆန်း (၁)ရက်

လက်ရှိနေထိုင်သည့်ဒေသ အမရပူရမြို့နယ်၊ ပေါက်ခြံကုန်းကျေးရွာ

Source Aticle from http://special.news-eleven.com

0 comments:

Post a Comment