+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, December 28, 2010

သီရိမင်္ဂလာဈေးရှိ လစ်လပ်ဆိုင်ခန်းများ လေလံစနစ်ဖြင့် ငှား


သီရိမင်္ဂလာဈေးရှိ လစ်လပ်ဆိုင်ခန်းများ လေလံစနစ်ဖြင့် ငှား

လှိုင်မြို့နယ် ပိတောက်ချောင်းရှိ သီရိမင်္ဂလာဈေးမှ လစ်လပ်ဆိုင်ခန်းများအား ဈေးပြိုင်လေလံစနစ်ဖြင့် အငှားချထားပေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လေလံတင်ရောင်းချ ရေးအဖွဲ့မှ သတင်းရရှိသည်။

သီရိမင်္ဂလာ ကုန်စိမ်းဈေးကြီးကို ကြည့်မြင်တိုင်မြို့နယ်မှ လှိုင်မြို့နယ် ပိတောက်ချောင်းရှိ ဈေးသစ်ကြီးသို့ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှ စတင် ပြောင်းရွှေ့လျက်ရှိရာ မူလဈေးကြီး မှ ဆိုင်ခန်းများအား နေရာချထား ပေးခြင်း၊ မဲနှိုက်ရွေးချယ်ခြင်း အပြင် ကျန်ရှိနေသော လစ်လပ်ဆိုင်ခန်းများအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်အငှားချထားပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ဆိုင်ခန်းများ လေလံပေးခြင်း အစီအစဉ်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ပေးခဲ့သည်ဟု သိရသည်။ လျှောက်လွှာများကို အင်ဂျင်နီယာဌာန (အဆောက်အအုံ)တွင် ရောင်းချပေးခဲ့ပြီး ဈေးပြိုင်လေလံစနစ်တွင် အာမခံ စပေါ်ငွေအနေဖြင့် ငွေကျပ်သိန်း ၅၀ သတ်မှတ်ထားသည်ဟု သိရှိရပါသည်။

ဈေးပြိုင်စနစ်ဖြင့် လေလံတင် အငှားချထားပေးမည့် ဆိုင်ခန်းများ မှာ သစ်သီးရောင်းကုန်များအတွက် ဈေးရုံ က၊ ခ၊ င ရုံရှိ သစ်သီးတန်းတွင် ဆိုင်ခန်းအကျယ် ၈ ပေ_၅ ပေ ရှိသော ဆိုင်ခန်း ၃၀ ခန့်၊ အပ်ချုပ်ဆိုင်၊ ကုန်ခြောက်ကုန်မျိုးစုံနှင့် ငါး ခြောက် ပုစွန်ခြောက် ရောင်းကုန်များ အတွက် ဈေးရုံအမှတ် ဃ၊ ဈ ရုံတို့ တွင် ဆိုင်ခန်း ၁၈ ခန်းတို့ဖြစ်ကြောင်း သိရသည်။

၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေတွင် ဖွင့်လှစ်ခဲ့သည့် ဈေးသစ်သည် တစ်ထပ်ဈေးဖြစ်ပြီး စတီးလ်ပုံစံဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်ဟုသိရသည်။ ဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၂၀၉၃ ခန်းပါဝင်မည်ဟု သိရသည်။ အကျယ်ပေ ၂၄၀_၁၂၀ရှိသော ဈေးရုံကြီးခြောက်ရုံ၊ ပေ ၁၂၀_ ၉၆ ပေရှိသော ဈေးရုံနှစ်ရုံ၊ ပေ ၁၂၀_၇၂ ပေရှိသော ဈေး ရုံတစ်ရုံ၊ ပေ ၂၅၀_၁၉၂ ပေရှိ သော တစ်ထပ်ဂိုဒေါင်တစ်လုံး၊ ပေ ၃၀_၂၅ ပေရှိသော စားသောက် ဆိုင်နှစ်ဆိုင်၊ ပေ ၁၅၆_ပေ ၂၀ ရှိသော စားသောက်ဆိုင် ၂၀ တို့ ပါဝင်မည်ဖြစ်ပြီးမီးသတ်ရေလှောင် ကန်၊ အမှိုက်စွန့်ပစ်ရန်နှင့် ကားအစီးရေ ၃၀၀ ကျော် ရပ်နားနိုင်မည့် ယာဉ်ရပ်နားစခန်းလည်း ပါဝင်မည်ဟု သိရသည်။

အဆိုပါ ဈေးသစ်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ဈေးပေါင်း ၁၆၈ ဈေးတွင် 'က' အဆင့်ရှိသော ဈေးကြီး တစ်ဈေးဖြစ်သည်ဟု သိရသည်။
Source Article from http://www.news-eleven.com



Source Audio from http://www.bbc.co.uk/burmese

0 comments:

Post a Comment