+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, December 30, 2010

နာဂစ်အကြောင်း ၂၀၁၀ အကောင်းဆုံး စာအုပ်စာရင်းမှာ ပါ

စာရေး ဆရာမ Emma Larkim

၂၀၁၀ အကောင်းဆုံး စာအုပ်စာရင်းမှာ နာဂစ်အကြောင်း စာအုပ်ပါဝင်
2010-12-30

၂၀၁၀ ပြည့်နှစ် အတွင်း ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲမှာ မြန်မာနိုင်ငံက နာဂစ် မုန်တိုင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အကြောင်း ကိုယ်တိုင် ကွင်းဆင်း ရေးသားထားတဲ့ စာရေး ဆရာမ Emma Larkim ရဲ့ အားလုံး ကျိုးပဲ့ ပျက်စီးသွားပြီလို့ တိုက်ရိုက်အဓိပ္ပာယ်ရတဲ့ Everything is Broken စာအုပ်ဟာ ထိပ်တန်း အကောင်းဆုံး ၄ အုပ်ထဲက တအုပ် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ဗားဂျီးနီးယား ပြည်နယ် ရစ်ခ်ျမွန်းမြို့မှာ ဒီကနေ့ ထုတ်တဲ့ ရစ်ခ်ျမွန်း (Richmond) သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။


မြန်မာနိုင်ငံက နာဂစ် မုန်တိုင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းအကြောင်း ရေးသားထားတဲ့ စာရေးဆရာမ အင်မာလာကင်ရဲ့ စာအုပ် မျက်နှာဖုံးပုံ။

ဒီစာအုပ်ဟာ အမေရိကန်စာရေးဆရာမ အင်မာလာကင်က ရေးသားတာဖြစ်ပြီး လူမှုရေးစီးပွားရေး အားလုံးပြိုကွဲ ပျက်စီးနေတဲ့ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းကြောင့် နောက်ထပ် အကြီးအကျယ် ထိခိုက် ဆုံးရှုံးခဲ့ရတာတွေကို အသေးစိတ် ရေးသားထားပါတယ်။

ဆရာမ အင်မာလာကင်ဟာ အရင်က “ေ၈ျာ့ခ်ျအော်ဝယ်ရဲ့ ခြေရာကို မြန်မာပြည်မှာ ရှာဖွေခြင်း” စာအုပ်နဲ့ ထင်ရှားခဲ့တဲ့ စာရေးဆရာမ ဖြစ်ပါတယ်။


Copyright © 1998-2010 Radio Free Asia. All rights reserved.

0 comments:

Post a Comment