+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, January 30, 2011

မိခင်အာဟာရ နဲ့ ကလေးဦးနှောက်

Source Photo from http://www.google.com/images

မိခင်အာဟာရ နဲ့ ကလေးဦးနှောက်ဖွံဖြိုးမှု

By ကိုဝင်းမင်း
ဗုဒ္ဓဟူး, 26 ဇန်နဝါရီ 2011

အမေရိကန်နိုင်ငံ Texas တက္ကသိုလ် ကျန်းမာရေးသုတေသနအဖွဲ့က ကိုယ်ဝန်ဆောင်မိခင်မှာ အာဟာရနဲနဲလေး လျော့သွားရင်တောင် သန္ဓေသားကလေးရဲ့  ဦးနှောက်ဖွံဖြိုးမှု့ကို ထိခိုက်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလဲ ငါးနှစ်အောက် ကလေး (၃) ယောက်မှာ (၁) ယောက်ဟာ အာဟာရချို့တဲ့နေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ပြန့်ခဲ့ပါတယ်။ ဒီအာဟာရချို့ တဲ့မှု့ဟာ အာဟာရမျှတအောင် မစားတတ်တာနဲ့ ဆေးခန်းပုံမှန် မပြတာကြောင့် အဓိကဖြစ်ရတာပါ။ အာဟာရပြည့်စုံအောင် Protein လို့ခေါ်တဲ့ အသားဓာတ်ဖြစ်တဲ့ အသား၊ ငါး၊ နို့၊ ဥ၊ ပဲအမျိုးမျိုးနဲ့ Carbohydrate လို့ခေါ်တဲ့ ကဆီဓာတ် ဖြစ်တဲ့ ဆန်၊ဂျုံ၊ပြောင်း၊အာလူး၊ ပြီးတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို မျှတအောင်စားဖို့ အရေးကြီးပါတယ်။

ဒီအကြောင်းတွေ အားလုံးကို ဗီအိုအေ (VOA) သတင်းထောက် အာ့တ် ချိုင်းမ်စ် (Art Chimes) သတင်းပို့ထားတာနဲ့ စုစည်းပြီး ကိုဝင်းမင်း က အိုင်ယာလန်နိုင်ငံက တက္ကသိုလ်တခုဖြစ်တဲ့ University Collage Cork မှာ သုတေသန လုပ်နေပြီး၊ မြန်မာနိုင်ငံမှာနှစ် (၃၀) ကြာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေကို ကုသပေးခဲ့ဖူးကာ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့  အာဟာရအကြောင်းလဲ စာရေးဖူးခဲ့တဲ့ ဆရာဝန် ဒေါက်တာမြင့်ဦး ကို မေးမြန်းတင်ပြထားပါတယ်။

Source Photo from http://www.google.com/images



Find this article at:
http://www.voanews.com/burmese/news/health/health_01-26-2011-114616604.html

0 comments:

Post a Comment