+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, February 15, 2011

ဥယျာဉ်ခြံများတွင် သစ်မွှေးပင်များ အစားထိုးစိုက်ပျိုး


ဥယျာဉ်ခြံများတွင်

သစ်မွှေးပင်များ အစားထိုးစိုက်ပျိုး


မွန်ပြည်နယ် မော်လမြိုင် သထုံခရိုင်ရှိ ဥယျာဉ်ခြံများတွင် ဒေသထွက် ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်၊ ကျွဲကော်၊ ကွမ်းပင်များ စိုက်ပျိုးထားကြရာ သက်တမ်းကုန် ခြံသီးပင်များ နေရာတွင် တန်ဖိုးကြီး ၀ယ်လိုအား မြင့်မားသည့် သစ်မွှေးပင်များ အစားထိုး စိုက်ပျိုးမှု ပြုလုပ်လာကြကြောင်း သတင်းရရှိသည်။
Source from http://www.news-eleven.com/

''ခြံထဲမှာ ကျွဲကော်ပင်တွေ သက်တမ်းကုန်သွားတော့ စိုက်ပျိုးရ လွယ်ပြီး မြေဧကနည်းနည်းနဲ့ အကျိုးရှိနိုင်မယ့် သစ်မွေးစိုက်ဖို့ ရွေးပြီး အသင့်ရှိနေတဲ့ အပင် ၄၀၀၀ ကို မိုးဦးဈေးမတက်ခင် ၀ယ်ပြီးဆက်ပျိုးထားပါတယ်။ မိုးဦးကျမှာ စိုက်မှာပါ''ဟု ကျိုက္ခရောမြို့နယ် ပိန္နဲကုန်းရွာနေ ခြံထောင်သူတစ်ဦးက ပြောပါသည်။

''ဥယျာဉ်ခြံသမားတွေက သက်တမ်းကုန်သွားတဲ့ ကျွဲကော်၊ ကြက်မောက်၊ ကွမ်းပင်တွေ နေရာမှာ သစ်မွေး အစားထိုး စိုက်လာကြတာ နှစ်နှစ်လောက်ရှိပါပြီ။ ၂၀၀၉-၂၀၁၀ ခုနှစ်မှာ အပင် ၂၃၀၀၀ လောက် ၀ယ်ကြပါတယ်။ အခြားကုမ္ပဏီတွေ ရောင်းတာနဲ့ဆိုရင် အပင်ပေါင်း သုံးသောင်းကျော်လောက် ရှိပါမယ်။ ဒီနှစ်ဆန်းမှာ ပေါင်၊ ကျိုက္ခမီရော၊ ချောင်းဆုံ ရေးမြို့နယ်တွေက အပင် ၉၀၀၀ လောက် ယူသွားကြပါပြီ။ လာမယ့် မိုးရာသီအတွက် ကြိုမှာထားတာတွေလည်း ရှိပါသေးတယ်''ဟု ဦးမောင်ဝင်း ယူနီဗာ သစ်မွေးပင် ဖြန့်ချိသူက ပြောပါသည်။

သစ်မွေးပင်ပေါက် ၀ယ်ယူရာတွင် ပျိုးပင် မှန်ကန်ရေးအတွက် အာမခံချက်ရှိပြီး သစ်မွေးဆီ ထုတ်ယူ ရောင်းဝယ်နိုင်သည် အထိ ရေရှည် တွဲဖက် လုပ်ဆောင်နိုင်သည့် ကုမ္ပဏီ ကိုယ်စားလှယ်ထံမှ စိစစ်ဝယ်ယူ စိုက်ပျိုးသင့်သည်ဟု လေ့လာသူတို့က အကြုံပြုထားပါသည်။

Source from http://www.news-eleven.com

2 comments:

Unknown said...

hello ,သစ်မွေးအသုံးဝင်ပုံသိခွင့်ရမလား

Unknown said...

စိုက် ချင်ပါတယ် ဆက်သွယ် ရမယ့်ဖုန်းနံပါတ်လေး ပေးပါ my phone 0943038176

Post a Comment