+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, February 22, 2011

မိုဘိုင်းဖုန်းအားလုံး ကြိုတင်ငွေပေးချေစနစ် ပြောင်းမည်


မိုဘိုင်းဖုန်းအားလုံး

ကြိုတင်ငွေပေးချေစနစ် ပြောင်းမည်


ဖုန်းဘေလ်ဆောင်သည့် စနစ်မှ ကြိုတင်ငွေပေးချေသည့် စနစ်သို့ မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းအားလုံးတွင် ယခုနှစ်အတွင်း ပြောင်းလဲသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။

နေပြည်တော် CDMA-450 ဖုန်းများကို Postpaid (ဖုန်းဘေလ် ဆောင်သည့်စနစ်) မှ Prepaid (ကြိုတင်ငွေဖြည့်ကတ်သုံးသည့်စနစ်) သို့၂၀၁၀ ပြည့်နှစ်အတွင်းက စတင်ပြောင်းလဲခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ပြောင်းလဲရန် ကျန်ရှိနေသေးသည့် နေပြည်တော် CDMA-450 ဖုန်းများကို ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား လဲလှယ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

"၂၀၀၉ခုနှစ်၊နိုဝင်ဘာလမှာ နေပြည်တော် CDMA-450 ဖုန်းကိုစချပေးခဲ့တယ်။ စချပေးခဲ့တုန်းက ဖုန်းစာအုပ်နဲ့ ဘေလ်ဆောင်ခဲ့ရပါတယ်။ နောက်တော့ ဒီဖုန်းကိုပဲ Prepaid စနစ်နဲ့ထပ်ချပေးခဲ့တယ်။ မကြာခင်မှာပဲ အရင်ဘေလ်ဆောင်တဲ့စနစ်နဲ့ ချပေးထားတဲ့ဖုန်းတွေကို Prepaid စနစ်ပြောင်းဖို့ သက်ဆိုင်ရာက ညွန်ကြားခဲ့တယ်"ဟု ဖုန်းသုံးစွဲသူတစ်ဦးက ရှင်းပြခဲ့သည်။

အဆိုပါဖုန်းအား နေပြည်တော်ရှိ Top up ကတ်အရောင်းဆိုင်များတွင် မိမိမူရင်းဖုန်းကတ်ကို ပြသပြောင်းလဲရမည်ဖြစ်ကြောင်းနှင့် ပြောင်းလဲစဉ်၎င်းပိုင်ရှင်၏ ဖုန်းကိုတစ်ရက်ပိတ်ထားမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ဖုန်းဘေလ်ဆောင်သည့် စနစ်ကျင့်သုံးနေသည့် မိုဘိုင်းဖုန်းအားလုံးကို ယခုနှစ်အတွင်း ကြိုတင်ငွေပေးချေသည့် ကတ်စနစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ထပ်မံပြောပြခဲ့သည်။

"၂၀၁၀ ပြည့်နှစ်အတွင်း စတင်ချထားပေးခဲ့တဲ့ ငါးသိန်းဖုန်းတွေက စပြီး နောက်ပိုင်းချထားပေးခဲ့တဲ့ ဖုန်းအမျိုးအစား အားလုံးလိုလိုမှာ Prepaid ကတ်စနစ်ကိုအသုံးပြုပြီး ချထားပေးခဲ့ပါတယ်။ အခုလက်ရှိ ပြောင်းဖို့ ကျန်နေသေးတာက ၁၅ သိန်းတန် GSM ၊ကမ်းရိုးတန်းဖုန်း နဲ့ ဆယ်လူလာဖုန်းတွေ ဖြစ်ပါတယ်။ အဲဒီကျန်ရှိနေသေးတဲ့ ဖုန်းအမျိုးအစားတွေကို ဒီနှစ်အတွင်းမှာ Prepaid ကတ်စနစ် ပြောင်းလဲသွားဖို့ရှိပါတယ်"ဟု ၎င်းက ပြောကြားခဲ့ သည်။

ပြောင်းလဲရန် ကျန်ရှိနေသေးသည့် မိုဘိုင်းဖုန်းများအနက် GSM ဖုန်းများအတွက် Prepaid ကတ်စနစ်ပြောင်းလဲခြင်းကို ယခုနှစ် နှစ်လယ်ပိုင်းအတွင်း ပြုလုပ်သွားရန်ရှိကြောင်း သိရှိရပါသည်။

Source from http://www.news-eleven.com

0 comments:

Post a Comment