+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, February 26, 2011

ပြည်ပ ဆန်တင်ပို့ခွင့် ပိတ်


ပြည်ပ ဆန်တင်ပို့ခွင့် ပိတ်ပင်
2011-02-26

ပြည်တွင်း စပါးအထွက်ကျဆင်းမှုနဲ့ ကုန်သည်ကြီးတွေ အလုအယက် ဆန်ဝယ်ယူစုဆောင်းမှုကြောင့် ဆန်ဈေးတွေ တက်နေချိန်မှာပဲ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး မြန်မာအစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်ပ ဆန်တင်ပို့ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

ကုန်သွယ်မှု မူဝါဒကောင်စီရဲ့ အဲဒီအမိန့်မှာ ဒီပိတ်ပင်မှုဟာ ဘယ်လောက်ကြာမယ်၊ ဘယ်တော့ ပြန်တင်ပို့ခွင့် ပြုမယ် ဆိုတာတွေကိုတော့ မဖော်ပြထားဘူးလို့ အမည်မဖော်လိုတဲ့ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် အမှုဆောင်တဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။

အခုနှစ်မှာ ဆန်အထွက်လျှော့တဲ့အပြင် လတ်တလော ဆန်ဈေးတွေတက်နေတဲ့အတွက် အခုလို သက်ဆိုင်ရာက ပိတ်လိုက်တာဖြစ်ကြောင်းနဲ့ စပါးအသစ်ပေါ်ချိန်မှာ ပြန်လည်ခွင့်ပြုမယ်လို့ မျှော်လင့်နေကြောင်းလည်း အဲဒီအမှုဆောင်က ပြောပါတယ်။

ဆန်တင်ပို့သူတွေဟာ ပြည်ပက ဝယ်ယူသူတွေဆီက ကြိုတင်ငွေတွေ လက်ခံထားပြီးဖြစ်တာမို့ အစိုးရက အခုလိုလုပ်တာဟာ မိမိတို့ကို နစ်နာထိခိုက်စေတယ်လို့ ဆန်တင်ပို့သူတဦးကလည်း ပြောပါတယ်။

အခုလို အမိန့်ထုတ်ပြန်ခဲ့ပေမယ့် စီးပွားရေး ဦးပိုင်လီမိတက်နဲ့ စစ်အစိုးရ ဗိုလ်ချုပ်ကြီး တချို့ရဲ့ ကုမ္ပဏီတွေကတော့ ဆန်တွေကို ပြည်ပတင်ပို့ခွင့် ဆက်လက်ရရှိနေဆဲပဲလို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ တနှစ်ကို ဆန်တန်ချိန် ၇ သိန်းလောက် ပြည်ပကို တင်ပို့နေပြီး အမေရိကန် ဒေါ်လာ သန်း၂ ရာ ကျော် ရရှိနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကြေညာချက်တွေ အရ သိရပါတယ်။

ပြည်ပ ဆန်တင်ပို့ခွင့် ပိတ်ပင်လိုက်တဲ့ သတင်းနဲ့ ဆန်ဈေးတွေ တက်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လတ်တလော အခြေအနေတွေကို ရန်ကုန်မြို့က ဆန်ကုန်သည်တဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။



Copyright © 1998-2011 Radio Free Asia. All rights reserved.

0 comments:

Post a Comment