+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, March 27, 2011

ပွဲလန့် ဖျာခင်းသူများ


အဆောက်အဦးဆိုတာ အောက်ခြေခိုင်မှ သေခြာတာ။
အဲဒါ အောက်ခြေကနေ စ ပြောင်းတာပဲ။

ကျုပ်တို့က ပွဲလန့် ဖျာခင်းတာမဟုတ်ဘူး။
ပွဲလှန့်ဖျာခင်းဗျ။
ဟုတ်ပါဘူး ပွဲလှန့်ကုလားထိုင်ခင်းတာ။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအတွက် ပုဂ္ဂိုလ်များ ခန့်အပ်ရာတွင် သတ်မှတ်ထားသော အရည်အချင်း ၁၀ ချက်ရှိကြောင်းနှင့် ယင်းအရည်အချင်း ၁၀ ချက်ထဲတွင် အစိုးရအဖွဲ့ အဆက်ဆက်တွင် နေရာယူခဲ့ကြသော ပွဲလန့် ဖျာခင်းသူများ မဖြစ်စေရဟူသည့် အချက်ပါဝင်ကြောင်း မတ်လ ၂၂ ရက်နေ့က နေပြည်တော်၌ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး မေးမြန်းချက် ဖြေကြားချက်များအရ သိရသည်။

အရည်အချင်း သတ်မှတ်ချက် ၁၀ ချက်

(က) ရပ်ကွက်/ကျေးရွာအုပ်စုမှ ကြည်ညိုလေးစားသူ၊

(ခ) မည်သည့် နိုင်ငံရေးအဖွဲ့အစည်းတွင်မှ ပါဝင်ခဲ့သူမဖြစ်စေရ၊

(ဂ) အစိုးရအဖွဲ့ အဆက်ဆက်တွင် နေရာယူခဲ့ကြသော ပွဲလန့်ဖျာခင်းသူများ မဖြစ်စေရ၊

(ဃ) မိသားစု၊ ဆွေမျိုးစုအင်အားဖြင့် ခေတ်အဆက်ဆက် ဆိုးမိုက်နေသူများ မဖြစ်စေရ၊

(င) မြို့နယ်အဖွဲ့အစည်းသို့ ချဉ်းကပ်၍ အခွင့်အရေးကို လက်ဦးမှုရရှိတတ်သူများမဖြစ်စေရ၊

(စ) ပြီးခဲ့သည့် အရေးအခင်းများတွင် ပါဝင်လှုပ်ရှားခဲ့သူများ၊ နည်းမျိုးစုံဖြင့် အားပေးအားမြှောက်ပြု သူများ မဖြစ်စေရ၊

(ဆ) နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများကို

ဆန့်ကျင်သူများ မဖြစ်စေရ၊


(ဇ) အမှုအခင်းမရှိသော နယ်ဖက် စစ်ဖက်အငြိမ်းစားများ ရပ်မိရပ်ဖထဲမှ

ကြည်ညိုလေးစားမှုရှိသူ၊အကျင့် စာရိတ္တ ကောင်းမွန်သူများ ကို စိစစ်ရွေးချယ်ရန်၊

(ဈ) ရပ်ကွက်ကျေးရွာအုပ်စု စာရေးမှအပ တာဝန်ထမ်းဆောင်ဆဲ အခြားဝန်ထမ်းများကို အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းမပြုရ၊

(ည) ပြစ်မှုကျူးလွန်သူများ၊ ပြစ်ဒဏ်ကျခံရသူများ၊ ဆိုးသွမ်းသူများနှင့် ရပ်ကွက်လူထု၏ ကြည်ညိုလေးစားမှုမရှိသူများ မဖြစ်စေရ

http://www.news-eleven.com

0 comments:

Post a Comment