+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, March 30, 2011

ပြည်ထောင်စု အစိုးရအဖွဲ့ ဧပြီလ ၁ ရက်နေ့မှစ၍ စတင် တာဝန်ထမ်းဆောင်မည်

Source Photo from http://www.bbcburmese.com/images

ပြည်ထောင်စု အစိုးရအဖွဲ့ မတ်လ ၃၀ ရက်နေ့(ယနေ့)၌ ကတိသစ္စာပြုပြီး ဧပြီလ ၁ ရက်နေ့မှစ၍ စတင် တာဝန်ထမ်းဆောင်မည်

ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာ ပြုပြီးသည့် အချိန်မှစ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကျင့်သုံးလျှက်ရှိသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာများကို လွှဲပြောင်းပေးလိုက်ကြောင်း ယနေ့(မတ်လ ၃၀) ရက်နေ့ တွင်ထုတ်ပြန် ကြေညာခဲ့ပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် မတ်လ ၃၀ ရက်နေ့(ယနေ့) နံနက်ပိုင်း၌ ကတိသစ္စာပြုပြီး ဧပြီလ ၁ ရက်နေ့မှစ၍ စတင် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်တို့ဖြင့် ဖွဲ့စည်းရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၀ တွင် ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၇၊ ၃၈ တို့တွင် ပြဋ္ဌာန်းထားသည်မှာ လွှတ်တော်သည် ပုဒ်မ ၃၀ အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အဖြစ် ရွေးချယ်တင်မြှောက် ခံထားရသော ပုဂ္ဂိုလ်များအား လွှတ်တော်အစည်းအဝေးတွင် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာ ပြုစေရမည် ဖြစ်ကြောင်း၊ လွှတ်တော်သည် ပုဒ်မ ၃၄ အရ လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးခြင်း ခံရသော ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့အား လွှတ်တော် အစည်းအဝေးတွင် နာယက၏ရှေ့မှောက်၌ ကတိသစ္စာ ပြုစေရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါသည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူ ဦးသိန်းစိန်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အများစု အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

''ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ်အား လည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ် တစ်ဦးဦးအား လည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ။ ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ်အား ဖြစ်စေ၊ သက်ဆိုင်ရာ အာဏာပိုင် ပုဂ္ဂိုလ်တစ်ဦးဦးအား ဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရ''ဟု ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေတွင် ဖော်ပြထားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ ပုံမှန်အစည်းအဝေးကို သာမန်အားဖြင့် တစ်လလျှင် အနည်းဆုံး နှစ်ကြိမ် ကျင်းပရမည် ဖြစ်ပြီး လိုအပ်ပါက အထူး အစည်းအဝေးကို ခေါ်ယူ ကျင်းပနိုင်ကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
ဒုတိယသမ္မတများ သီဟသူရဦးတင်အောင်မြင့်ဦး၊ဒေါက်တာစိုင်းမောက်ခမ်း
ပြည်ထောင်စုဝန်ကြီးများ ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဗိုလ်ချုပ်လှမင်း၊ ဗိုလ်ချုပ်သိန်းဌေး၊ ဦးဝဏ္ဏမောင်လွင်၊
ဦးမြင့်လှိုင်၊ ဦးကျော်ဆန်း၊ ၀ဏ္ဏကျော်ထင်ဦးဝင်းမြင့်၊ ဦးတင့်ဆန်း၊ ဦးခင်မောင်မြင့်၊
ဦးသိန်းထွန်း၊ ဦးလှထွန်း၊ ဦးသိန်းထိုက်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းထွန်း၊
ဦးအောင်ကြည်၊ ဦးအုန်းမြင့်၊ ဦးကျော်စွာခိုင်၊ ဦးစိုးသိန်း၊ ဦးသန်းဌေး၊ ဦးအောင်မင်း၊
ဒေါက်တာမြအေး၊ ဒေါက်တာဖေသက်ခင်၊ ဦးအေးမြင့်၊ သူရဦးမြင့်မောင်၊ ဦးခင်ရီ၊ ဦးဇော်မင်း၊
ဦးခင်မောင်စိုး၊ ဦးသိန်းညွန့်၊ ဦးစိုးမောင်
ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်



ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာန (၃၄) ဌာနနှင့် ၀န်ကြီးများ

၁။ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်လှမင်း

၂။ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို

၃။ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဌေး

၎။ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏမောင်လွင်

၅။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း

၆။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင်

၇။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးလှထွန်း

၈။ ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးခင်မောင်မြင့်

၉။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဦးတင်နိုင်သိန်း

၁၀။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့်

၁၁။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထွန်း

၁၂။ သစ်တောရေးရာဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းထွန်း

၁၃။ သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထိုက်

၁၄။ သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီး ဦးအုန်းမြင့်

၁၅။ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်

၁၆။ ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ထွန်းအောင်

၁၇။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ၀န်ကြီး ဦးတင့်ဆန်း

၁၈။ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးကျော်စွာခိုင်

၁၉။ အမှတ်(၂)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်း

၂၀။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်း

၂၁။ စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးသန်းဌေး

၂၂။ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးဇော်မင်း

၂၃။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးခင်မောင်စိုး

၂၄။ ပညာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာမြအေး

၂၅။ ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာဖေသက်ခင်

၂၆။ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး သူရဦးမြင့်မောင်

၂၇။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၀န်ကြီး ဦးအေးမြင့်

၂၈။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ

၂၉။ သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းညွန့်

၃၀။ သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးစိုးမောင်

သတင်းရင်းမြစ် http://www.news-eleven.com

0 comments:

Post a Comment