+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, March 26, 2011

ရှမ်းပြည်နယ်ငလျင် နောက်ဆက်တွဲသတင်း

Source Picture from http://www.dvb/video

ရှမ်းပြည်နယ်မြေငလျင်

သေဆုံးသူ နှစ်ရာခန့် ရြှိပီဟု ဒေသခံများပြော

2011-03-26

မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေ ဆုံရာ ရွှေတြိဂံဒေသမှာ ဗဟိုပြုပြီး လှုပ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူပေါင်း အခုအခါ နှစ်ရာနီးပါး ရှိသွားပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

မနေ့က ညပိုင်းအထိ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လှုပ်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မနက် ၅ နာရီ ၃၇ မိနစ်မှာ ၄.၆ ပြင်းအားရှိတဲ့ ငလျင်တကြိမ် လှုပ်ခတ်ခဲ့သလို မနက် ၅ နာရီ ၅ဝ မိနစ်မှာလည်း ၄.ဝ ရှိတဲ့ ငလျင်တကြိမ် လှုပ်ခတ်ခဲ့တယ်လို့ ထိုင်း ရုပ်မြင်သံကြား သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

တာချီလိတ်မြို့နယ်အတွင်းမှာ နောက်ထပ် ငလျင်ကြီးတွေ လှုပ်မှာကို စိုးရိမ်နေကြတဲ့အတွက် ဒေသခံတွေ နေအိမ်တွေမှာ မနေကြတော့ဘဲ အမိုးအကာ ကင်းမဲ့တဲ့ ကွင်းပြင်တွေမှာ ထွက်ပြီး နေကြတယ်လို့လည်း သိရပါတယ်။

လောလောဆယ် ငလျင်ဒဏ်ခံ ပြည်သူတွေဟာ စားစရာတချို့နဲ့ သောက်ရေတွေ ရရှိနေကြပေမယ့် လုံလောက်အောင် မရသလို ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဒီအကြောင်း အသေးစိတ်ကို အာအက်ဖ်အေ သတင်းထောက် ကိုအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

0 comments:

Post a Comment