+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, March 27, 2011

ဗီရိုထဲကအ၀တ်ပုံ အလိုအလျောက်မီးလောင်


ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးအနီး ထန်းတပင်လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ ပစ္စည်းများ အလိုအလျောက် မီးလောင်ကျွမ်းမှု ခုနစ်ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များမှာ မတ်လ ၇ ရက်၊ ၈ ရက်၊ ၂၄ ရက်နှင့် ၂၆ ရက် နေ့များတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သတင်းရရှိသည်။

အလိုအလျောက် မီးလောင်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေအိမ်မှာ ကမာရွတ်မြို့နယ်၊ ထန်းတပင်လမ်းရှိ အိမ်ခန်းတစ်ခုတွင် ဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် နေအိမ်အတွင်းရှိ မီးလောင်ကျွမ်းခံရသည့် ပစ္စည်းများအား နေအိမ်ပြင်ပသို့ ရွှေ့ပြောင်းထားကာ လျပ်စစ် မီးအားလည်း ဖြတ်တောက်ထားသည် ဟု သိရှိရသည်။

''စဖြစ်တာကတော့ မတ်လ ၇ ရက်နေ့ကပါ။ အိမ်ရှေ့ထွက်နေတုန်း ညှော်နံ့ရလို့ ၀င်ကြည့်တော့ အိမ်က လိုက်ကာစ မီးစွဲနေတာ တွေ့ရတယ်။ ၈ ရက်နေ့မှာလည်း အဲဒီလို တစ်ကြိမ် ထပ်ဖြစ်တယ်။ ၂၄ ရက်နေ့မှာတော့ တော်တော်လေး ပြင်းထန်တယ်။ အိမ်မှာရှိတဲ့ ကြွေပြားတွေက အလိုလိုနေရင်း ပူလာတယ်။ အိမ်ထဲမှာလည်း ဟိုနေရာက မီးထလောင်လိုက်၊ ဒီနေရာက မီးထလောင်လိုက်နဲ့ဆိုတော့ ကြောက်ပြီး ပစ္စည်းတွေကို အပြင် ထုတ်ထားရတယ်။ ၂၆ ရက်နေ့မှာကတော့ ကိုယ့်အခန်းမှာတင် လောင်ရုံမကဘူး၊ အစ်မတို့အပေါ်ထပ်တည့်တည့် သုံးလွှာအ၀င်ဝက သံပန်းတံခါးမှာ တင်ထားတဲ့ လိုက်ကာစကပါ အလိုလိုနေရင်း မီးထလောင်တယ်။ အဲဒီတော့ ဘေးပတ်ဝန်းကျင်ကပါလန့်ပြီး မီးသတ်ကားကို ဖုန်းဆက်ခေါ်ကြတယ်။ မီးသတ် အရာရှိတွေ ရောက်လာတော့ အစ်မတို့ ပေါ့ဆတာလို့ ပထမက ထင်နေပေမယ့် သူတို့ရှေ့မှာတင် ဗီရိုထဲကအ၀တ်ပုံက မီးထလောင်တော့မှ ယုံသွားကြတယ်''ဟု အဆိုပါ နေအိမ်မှ ကာယကံရှင်တစ်ဦးက ရှင်းပြခဲ့သည်။

အဆိုပါနေအိမ်နှင့် ကပ်လျက်တွင် နေထိုင်သူ သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံကလည်း ''အစ်မတစ်သက်မှာ ဒါမျိုးတစ်ခါမှ မမြင်ဖူးပါဘူး။ အိမ်ထဲဝင်သွားတာနဲ့ အလိုလိုနေရင်း ကြွေပြားတွေက ပူခြစ်နေတာ။ မနေ့ကဆို အ၀တ်တွေကအစ အလိုလိုနေရင်း မီးလောင်တော့ တော်တော်လေး ထိတ်လန့်မိပါတယ်''ဟု သူ၏မျက်မြင် အတွေ့အကြုံအား ရှင်းပြခဲ့သည်။

Source: http://www.news-eleven.com

0 comments:

Post a Comment