+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, April 27, 2011

၂နှစ်မြောက် အထိမ်းအမှတ်

အားလုံးကြက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဖူ့တာမိက် ဘလော့ ၂နှစ်တင်းတင်းပြည့်မြောက်တဲ့ အ ခုလိုအချိန်မှာ ကရင်ဘလော့ဂါအပေါင်းနဲ့တကွ လာရောက်လည်ပတ်ကြတဲ့ ညီအစ်ကိုတွေအားလုံးကို ဦးစွာဂါရ ဝ,ပြုအပ်ပါတယ်။
ကျုပ်ဘလော့ဂ်ရေးတာဘယ်လိုရည်ရွယ်ချက်ကြောင့်ဆိုတာကိုစ,ပြီးပြောပါရစေ။ အဓိက,က တော့ ကရင်အမျိုးသား စာပေနဲ့ယဉ်ကျေးမှုကို ဖေါ်ထုတ်မြှင့်တင်လိုတဲ့ စိတ်ကလေးတွေ ကရင်လူမျိုးလို့ခံယူ ထားသူမှန်သမျှရဲ့ နှလုံးသားထဲမှာ အသွေးအသားထဲမှာ တည်ရှိကိန်းအောင်းနေစေချင်တာပါ။ ကိုယ့်ယဉ်ကျေးမှု ကို ဖေါ်ထုတ်မြှင့်တင်ထိန်းသိမ်းချင်တဲ့စိတ်မရှိဘူးဆိုလျင်တောင် ဖျက်လိုဖျက်ဆီးနဲ့စော်စော်ကားကားလုပ်တတ် တဲ့ အကျင့်စရိုက်ဆိုးလေးတွေ ပ,ပျောက်စေချင်တာလည်း ပါပါတယ်။
အဲဒါကြောင့် ကျုပ်နဲ့လုံးဝ,မရင်းနှီးမနီးစပ်တဲ့ ကျုပ်အတွက် အခက်အခဲဆုံးအပင်ပမ်းဆုံး အလုပ်လို့ပြောနိုင်တဲ့ ဘလော့ဂ်လောက,ထဲကို မဖြစ်မနေဝင်ရောက်အမုန်းခံနေရတဲ့ အကြောင်းရင်းကတော့ အောက်ကဗွီဒီအိုအပိုင်း အစ,လေးကြောင့်ပါ။ ကျုပ်တတိယနိုင်ငံကို ရောက်လာတော့ ကျုပ်သူငယ်ချင်းတွေက ကျုပ်အတွက်အမှတ်တရ စပ်ဆိုပေးလိုက်တဲ့သီချင်းကို ဗွီဒီအိုအပိုင်းအစ,လေးအဖြစ်ဖန်တည်းလိုက်တာပါ။
ဒီသီချင်းကို နားထောင်လိုက်တဲ့အခါတိုင်း ကျုပ်ရဲ့နှလုံးသည်းပွတ်ကို ဆုတ်ခြေပစ်လိုက်သလို အမြဲတမ်းခံစားနေ ရပါတယ်၊ ဆို့နင့်ကြေကွဲရပါတယ်၊ အဲဒါရဲ့နောက်ဆက်တွဲကတော့ ကိုယ့်ယဉ်ကျေးမှုကို လေးစားရ,တန်ဘိုးထား ရ,ထိန်းသိမ်းမြတ်နိုးရ,ကောင်းမှန်းမသိပဲ ကိုယ်ကျိုးရှာနေကြတဲ့လူတွေနဲ့ စော်ကားမော်ကားလုပ်သူတွေအပေါ် လုံးဝ, ခွင့်မလွှတ်နိုင်ခြင်းပဲဖြစ်ပါတယ်။
အလည်လာတဲ့ချစ်မိတ်ဆွေများ နားဆင်ခံစားကြည့်ကြပါ။ ကျေးဇူးတင်ပါတယ်။


ဖူ့တာမိက်ဘလော့ ၂နှစ်ပြည့်တဲ့နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဗြိတိသျှမင်းသားလေးနဲ့ သာမာန်အရပ်သူ ကိတ် တို့လက်ထပ်တဲ့မင်္ဂလာပွဲနဲ့တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် ဆရာမောင်စင်ကြယ်က, ကဗျာတပုဒ်နဲ့ဂုဏ်ပြုထား တာကို ကျုပ်က ဗွီဒီအိုအပိုင်းအစ,လေးအဖြစ်ထပ်မံဖန်တည်းထားပါတယ်။ ဆရာမောင်စင်ကြယ်ကိုလည်း လေး စားမြတ်နိုးတဲ့အနေနဲ့ရယ် မင်္ဂလာသတို့သားနဲ့သတို့သမီးတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ရယ် တင်ဆက်လိုက်ပါတယ်။ ကျေးဇူးပါပဲ။






ဒါလေးကတော့ ကျုပ်ကို ဗွီဒီအိုလုပ်တတ်အောင် ဘလော့ပေါ်တင်တတ်အောင် လုပ်နည်းကိုင်နည်းတွေကိုစိတ် ရှည်လက်ရှည် သင်ကြားပြသ,ပေးတဲ့ ဆရာဆုတောင်းရဲ့ကဗျာလေးဖြစ်ပါတယ်၊ ဆရာဆုတောင်းကို ကျေးဇူး တင်လေးစားလှပါကြောင်း ဒီဗွီဒီအိုအပိုင်းအစ,လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်၊ဆရာဆုတောင်းကျန်းမာရွှင်လန်းနိုင် ပါစေ။ ဆရာဆုတောင်းကို တောင်းပန်ချင်တာကတော့ ဗွီဒီအိုလေးလုပ်တတ်လျင် ကရင်စာတွေသင်မယ်လို့ ပြောခဲ့ဘူးပါတယ်၊ အခုထက်ထိဘာမျှဖြစ်မလာသေးတာကို နားလည်ခွင့်လွှတ်ပေးဘို့ပါ။ ကျေးဇူးတင်ပါတယ်။





ဒါကတော့ ဆောင်းပါးတိုလေးလို့ပြောနိုင်မယ်ထင်ပါတယ် ခါန်.ဆူ.လါင့်(ခေါင်ဆူလိုင့်)ပို့ပေးလိုက်တာပါ၊အိမ် လွမ်းသူများအတွက်ဆိုတဲ့ ဆောင်းပါးတိုလေးကြောင့် အိမ်လွမ်းသူတွေ အလွမ်းပြေနိုင်ကြလိမ့်မယ်လို့ မျှော် လင့်ပါတယ်။ဒီနေရာမှာ ခေါင်ဆူလိုင့်ဆိုတာက ဆူလိုင့်ဆိုတာ ဗမာလိုအခေါ်က ဖလံတောင်(ဇော်ဂျီတောင်ဝှေး) ဖြစ်ပါတယ်။ စကောကရင်လိုကတော့ သူးလေဘိုးပေါ့ဗျာ။ ခေါင်ဆိုတာနဲ့တွဲလိုက်တော့ ဗမာလို ဖလံတောင်နိုင် ငံ စကောကရင်လိုကတော့ ကော်သူးလေ လို့အဖြေရပါတယ်။ ကဲနားဆင်ရှုစားကြပါဗျား။




ဒီကဗျာလေးကတော့ ပန်းချစ်သူရဲ့ အလွန်လှပ,တဲ့လက်ရာလေးပါ၊ အားမာန်တွေကို ပြည့်ဝ,စေတဲ့ကဗျာလေးလို့ ဆိုလျင် မမှားပါဘူး၊ စိတ်ဓါတ်မကျဘို့ တွေဝေငေးမောမနေဘို့ကို အားမာန်ပါပါစပ်ဆိုထားတာပါ၊ ကရင်လူငယ် များ အားသစ်မာန်သစ်နဲ့ အမျိုးသားရေးအတွက်ကြိုးစားအားထုတ်နိုင်ကြပါစေ၊ကျေးဇူးတင်ပါတယ် ပန်းချစ်သူ။




အခုတင်ဆက်မှာကတော့ လင်္ကာဒီပ,ရဲ့ စိတ်ကူးလေးရွက်လွှင့် ဆိုတဲ့ကဗျာလေးပါ၊ ဆရာလင်္ကာဒီပ ဆိုတာက လည်း ကျုပ်ရဲ့ဆရာပါ၊ဘလော့ဂ်ပေါ်မှာ စာတွေဘယ်လိုတင်ရတယ်၊ ဓါတ်ပုံကို ဘယ်လိုတင်လျင် ဘယ်လိုတွေ ဖြစ်တတ်တယ်၊ စသည်ဖြင့်ဆောင်ရန်ရှောင်ရန်လေးတွေကို နားမလည်တာကိုနားလည်အောင် ဂရုတစိုက်သင် ကြားပြောဆိုရုံမက နောက်ဆုံးနည်းအဖြစ် သူရှိနေတဲ့နေရာကနေ ကျုပ်ကွန်ပျူတာထဲကို လာပြီးပြင်ဆင်ပေးတဲ့ အထိ သင်ကြားပေးတဲ့သူဖြစ်ပါတယ်။ ဆရာလင်္ကာဒီပ,ကို အထူးကျေးဇူးတင်ပါတယ်။



ဒါလေးကတော့ ထူးထူးခြားခြား ရှားရှားပါးပါး ပိုးကရင်လိုရေးပို့ပေးလိုက်တဲ့ကဗျာလေးပါ။ ကဗျာရဲ့ခေါင်းစည်းက ဗမာလို ကျီးအာသီးအတွင်းပိုင်းလို ညိုပုတ်ပုတ် တဲ့၊နားဆင်ရှုစားကြပါ၊ ပိုးကရင်လို နားမလည်တဲ့ညီအစ်ကိုတွေ ရှိခဲ့မယ်ဆိုလျင် စီဘောက်မှာ ရေးထားလိုက်ပါ။



ကဗျာရှင်က ဗမာလိုကောင်းကောင်းရှင်းပြပေးပါလိမ့်မယ်။
ဟုတ်တယ်နော်မြစ်နဒီ။ ကျေးဇူးတင်ပါတယ် မြစ်နဒီကိုးသွယ်။

နောက်ဆုံး ကတော့ မန်းတည့်ထိုး(ဒဲ့ဒိုး)ရဲ့ ကျနော်သိသော ဖူ့တာမိုက် ဆိုတဲ့ဆောင်းပါးလေးပါ။ အဲဒါကတော့ ကျုပ်နဲ့တိုက်ရိုက်ပတ်သက်နေတဲ့အတွက် လာလည်သူတွေကိုယ်တိုင်ပဲ ဆက်လက်ရှုစားနားဆင်ကြပါ။ မအား မလပ်တဲ့ကြားကနေ အခုလိုအချိန်ယူကြိုးစားရေးသား ပေးပို့လာတဲ့ မန်းတည့်ထိုးကို ကျေးဇူးတင်ပါတယ်။



ဆက်လက်ကြိုးစားပါ့မယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

1 comments:

မန်းကိုကို said...

ဒီတခါတော့ အတော်ဆိုးတယ်လို့ ပြောရမယ်ထင်တယ်ဗျ ။
သူများတွေကို ဒုက္ခပေးလွန်းလို့ ဒုက္ခသည် နာမည်ခံထားသလား မှတ်ရတယ် ... :-)

အင်တာနက် စာမျက်နှာတစ်ခုပေါ်မှာ လူတစ်ယောက်ရဲ့ အာရုံကို တစ်မိနစ်အတွင်း ဖမ်းစားနိုင်အောင် လုပ်ရတယ် ၊ မဟုတ်ရင်တော့ ဒီ customer ကို လက်လွတ်လိုက်ရတတ်တယ်လို့ သင်ယူခဲ့ရဖူးပါတယ် ။ ဖူ့တာမိုက်ကတော့ နှစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ လူတွေကို မောင်းထုတ်သလားမှတ်ရတယ် ၊ တစ်နာရီလောက် ပညာပေးထားတယ် ... :-)

ဒါပေမယ့် မှားတယ်မှန်တယ် ပြောတာမဟုတ်ပါဘူး ။ အကယ်၍ ဘလော့မဟုတ်ပဲ ဝက်ဘ်ဆိုဒ်တစ်ခုအနေနဲ့ စီစဉ်ထားရင်တော့ ဒီလိုပို့စ် အရှည်ကြီးတွေနဲ့ ပိုသင့်တော်မလားလို့ ထင်မိတာပါပဲ ။

သူများပျော်ရမယ့် အထိမ်းအမှတ်မှာ မင်္ဂလာစကားတွေ မပြောပဲ ဘာတွေပြောနေမိမှန်း မသိပါဘူး ... :-)

ဖူ့တာမိုက်ဘလော့ နှစ်နှစ်ပြည့်မှသည် ဖွဲတစ်ဆုပ် “မ” နေနိုင်သမျှ ကာလပတ်လုံး အောင်အောင်မြင်မြင်နဲ့ လိုအင်ဆန္ဒတွေအတိုင်း ကုံလုံပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းရော ဆန္ဒပါ တောင်းပြုပေးလိုက်ပါတယ်ဗျာ ။

Post a Comment