+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, April 17, 2011

သွားအတုနဲ့ဝါးနေကြသူများ

Source Photo from http://www.google.com/images

သွားအတုနဲ့ဝါးနေကြသူများ
(မင်းစိုးစံ)

မြစ်ထဲမှာ
မျောနေတာရေခဲတဲ့။

ငါ့မျက်လုံးထဲမှာတော့
ကတ်ကြေးကိုက်ထားတဲ့
နို့ဆီခွက်ဗူးခွံအစ,
ပြီးတော့……….
ဒုက္ခသည်စခန်းထဲက
မီးရှို့ခုတ်ထစ်ခံထားရတဲ့
သွပ်ပြားချပ်တွေ
မီးဝါးထားလို့
အရောင်မည်းညို့နေတဲ့
တဲတိုင်တူးခြစ်ခြစ်တွေ
နစ်ဝင်စီးမျောနေသလိုပဲ။

ရာစုနှစ်ထက်ဝက်ကျိုး
ငါ့သွားတွေတောင်အစားထိုးနေရ,ပြီ။

ဝါးနိုင်ဘို့အတွက်
သွားတုကိုအစားထိုးခဲ့ပေမယ့်
တကယ်ဝါးကြည့်တဲ့အခါ
သွားအစစ်လိုမဟုတ်ပါလားနော်။

ယဉ်ကျေးမှုကိုချစ်ဟန်ဆောင်
ရေကန်ထောင်ပေါင်းတဆယ်ရှိတဲ့မြို့
သူတို့မရှက်တတ်ကြဘူး။

ယဉ်ကျေးမှုကိုအမှူးပြု
နှင်းထုတွေအပေါ်
ဆားအတုတွေထိုးကော်ချ
မျိုးဆက်သစ်အတွက်ကွဆိုပြီး
နှမ်းအတုနဲ့ဆီကြိတ်နေကြလေရဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment