+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, April 16, 2011

မြန်မာအစိုးရသတင်းစာ ဖော်ပြချက်ကို SSA တောင်ပိုင်း ငြင်းဆို

တိုင်းရင်းသားတွေရဲ့ နေ့တဓူဝ,ဘ၀အစစ်အမှန်
Source Photo from http://www.google.com/images

မြန်မာအစိုးရသတင်းစာ ဖော်ပြချက်ကို

SSA တောင်ပိုင်း ငြင်းဆို

2011-04-16

ဗိုလ်မှူးကြီး ရွက်ဆစ် ဦးဆောင်တဲ့ SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတွေ သေဆုံး ထိခိုက် ဒဏ်ရာရခဲ့တဲ့အကြောင်း ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြချက်ကို SSA တောင်ပိုင်းတပ်ဖွဲ့က ငြင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ် လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်က ကာလီမြို့နယ်ခွဲမှာ အခုလ (၄) ရက်နဲ့ (၁၂) ရက်နေ့တွေက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လူတဦး သေဆုံးကာ ကိုရင်တပါး အပါအဝင် ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နာမည်တွေနဲ့ တကွ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး SSA တောင်ပိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောင်ဆိုင် ကို မေးမြန်းရာမှာ သူတို့အဖွဲ့ရဲ့ လက်ချက်မဟုတ်ဘဲ မြန်မာအစိုးရ တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံးကြရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ရှမ်းအမျိုးသမီးများအဖွဲ့ အပါအဝင် အဖွဲ့ (၆) ဖွဲ့ စုစည်းထားတဲ့ ရှမ်းလူမှုအသိုင်းအဝိုင်း အခြေပြု အဖွဲ့ကလည်း SSA ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို တိုက်ခိုက်နေတဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အခုလ (၁၂) ရက်နေ့က သတင်းထုတ်ပြန်ပြီး ပြစ်တင် ကန့်ကွက်ခဲ့ပါတယ်။



Copyright © 1998-2011 Radio Free Asia. All rights reserved.

ကချင်တော်လှန်ရေးအဖွဲ့ရဲ့ မျှော်လင့်ချက်




Copyright © 1998-2011 Radio Free Asia. All rights reserved.

0 comments:

Post a Comment