+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, May 25, 2011

ရှေးဟောင်းအဆောက်အဦးက ၁၄၀ကျော် ပြင်မှာက ၅လုံး


ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံ ငါးလုံးကို

အဆင့်သုံးဆင့်ခွဲ၍ ပြင်ဆင်လျက်ရှိ

Sunday, 22 May 2011

ရန်ကုန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံ ငါးလုံးကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ရာ အဆင့်သုံးဆင့်ခွဲ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ဗိသုကာနှင့် အင်ဂျင်နီယာ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

''ရှေးမူမပျက် ပြင်ဆင်ရာမှာ အဆင့်သုံးဆင့်ခွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမအဆင့်ကတော့ အဆောက်အအုံတွေကို ခေါင်မိုးမိုးတာပေါ့။ လက်ရှိမှာတော့ ခေါင်မိုးမိုးခြင်း စလုပ်နေတာမှာ ၀န်ကြီးများရုံးမှာ စလုပ်နေပါပြီ''ဟုလည်း ဗိသုကာပညာ ရှင် တစ်ဦးက ပြောကြားခဲ့သည်။

''ပထမအဆင့်အနေနဲ့ ခေါင်မိုးတွေ မိုးပြီးရင် တံခါးတွေ၊ ပြတင်းပေါက်တွေကို ဒုတိယအဆင့် အနေနဲ့ ဆက်လုပ်မယ်ပေါ့။ တတိယအဆင့် အနေနဲ့ မျက်နှာကြက်တွေကို ပြင်မယ်။ အဲဒါတွေ ပြီးတော့မှ တခြား လိုအပ်ချက်တွေကို ပြင်ဆင်သွားမှာ ဖြစ်ပါတယ်''ဟု အဆိုပါ စီမံကိန်းတွင် ပါဝင်သူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံများသည် ရှေးခေတ် အဆောက်အအုံများ ဖြစ်သောကြောင့် ယင်းတို့၏ ပျက်စီးမှုအပိုင်းကို ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းအတွင်းက ပဏာမ လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။

ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဦးစီးပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းနှင့် မြန်မာနိုင်ငံ ဗိသုကာပညာရှင် အသင်းတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''လောလောဆယ်တော့ ဒီအဆင့်တွေ ဆောင်ရွက်ဖို့ကို ခြောက်လ အချိန်ပေးထားပါတယ်။ ၂၀၁၁ ခုနှစ် မတ်လက စခဲ့တာပေါ့။ အဲဒါတွေ ပြင်ဆင်နေရင်းမှ တခြား လိုအပ်ချက်တွေကို မှတ်တမ်းတင်ပြီး ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်'' ဟုလည်း ဗိသုကာပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်း အဆောက်အအုံ အများစုမှာ ကိုလိုနီခေတ်ကတည်းက တည်ရှိခဲ့သည့် အဆောက်အအုံများ ပါဝင်သကဲ့သို့ လွတ်လပ်ရေးရပြီး နောက်ပိုင်း ဆောက်လုပ်ထားသော အဆောက်အအုံများလည်း ပါဝင်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုပြင်ထိန်းသိမ်းရန် ပဏာမ လေ့လာနေသော ရှေးဟောင်း အဆောက်အအုံ အချို့ စဉ် အဆောက်အအုံ တည်နေရာ
၁။ ၀န်ကြီးများရုံး ဗိုလ်အောင်ကျော်လမ်း
၂။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ကုန်သည်လမ်း
၃။ အမှတ်-၇၇/၉၁ ဆူးလေဘုရားလမ်း
၎။ အမှတ်-၄/၆ မဟာဗန္ဓုလလမ်း
၅။ အမှတ်-၁၉/၄၃ ဗိုလ်ဆွန်ပက်လမ်း

Source News from http://www.news-eleven.com




Source Audio from http://www.rfanews.com/burmese

0 comments:

Post a Comment