+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, May 28, 2011

ဓါတ်ပုံမှ ပြောသော စကားများ

Source Photo from http://www.bbcburmese.com/images
မေး။ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဘာကြောင့်ပြုံးနေတာလဲ ဗျ။ လေယာဉ်ပေါ်ကနေ အောက်ကိုတောင်မရောက်သေးဘူး။
ဖြေ။ ။ အနောက်က လူကပြောလိုက်တယ် သမ္မကြီးနော် ခင်ဗျား အာဆီယံ အစည်းအဝေးပွဲတုန်းကလို ယောင်နန လုပ်မနေနဲ့ လို့ပြောလိုက်လို့ အဲဒါ ရှက်ပြုံးလေးပြုံးနေတာ။

မေး။ ။ အာဆီယံအစည်းအဝေးတုန်းက ကျုပ်တို့ရဲ့ နိုင်ငံတော်အကြီးအကဲက ဘာများ အူကြောင်ကြာင်လုပ်မိလို့တုန်း။
ဖြေ။ ။ အာဆီယံအဖွဲ့ ခေါင်းဆောင်တွေလက်ဆွဲနှုတ်ဆက်ကြတော့ သူကလက်ဆွဲနှုတ်ဆက်ဘို့ မရဲတရဲဖြစ်နေတာနဲ့ သူ့ငယ်ဆရာဆီ ခွင့်တောင်းပြီးမှ နှုတ်ဆက်တယ်လေ။

မေး။ ။ ဟုတ်ရဲ့လားဗျာ။ မလိုသူတွေက တမင်သက်သက်ပြောတာဖြစ်မှာပေါ့။ ဘာကြောင့် အဲလိုခွင့်တောင်းရတာတုန်းဗျ။
ဖြေ။ ။ ဟုတ်တာပေါ့ဗျာ။ ဓါတ်ပုံတောင်ရှိသေး။ ခွင့်တောင်းရတာက သူမိန့်ခွန်းပြောတော့ အင်္ဂလိပ်လို ညှပ်ပြောလိုက်တယ် လေဗျာ။ ကလင်းဂဲဗားမင့် ကွတ်ဂဲဗားမင့် ဆိုတာလေ။ အဲဒါ သူ့ဆရာသောင်္ကြာသား က ဒေါသတွေငယ်ထိပ်ရောက်ပြီး သူ့ခေါင်းကဆံပင်တွေကို ပြာလူးပြီးနှုတ်ပစ်လိုက်တယ်ဆိုပဲ။

မေး။ ။ ခင်ဗျားကတော့ဗျာ ကျုပ်တို့မြန်မာအစိုးရသစ်ခေါင်းဆောင်ကို အဲလိုအထောက်အထားမခိုင်လုံပဲနဲ့ မပြောစမ်းပါနဲ့။
ဖြေ။ ။ ဒီပုံတွေကို ပြီးအောင်ကြည့် နောက်ဆုံးကျ အာဆီယံအစည်းအဝေးပွဲက ပုံကိုကြည့်ကြတာပေါ့။

Source Photo from http://www.bbcburmese.com/images
မေး။ ။ အလို ဒါက ဘာတွေဖြစ်ကုန်ကြပြီလဲဗျ အဲလေ ဘာတွေလုပ်နေကြတာလဲ။ အားလုံးခေါင်းတွေ ညွတ်နေကြပါလား။ ဘယ်သူ့ကိုအလေးပြုနေတာတုန်း။
ဖြေ။ ။ လေယာဉ်ပေါ်ကနေ တရုတ်မြေပေါ်ကို ခြေမရောက်ခင် အားလုံးမြေကြီးပေါ်ကိုကြည့်ပြီး စိန္တာမဏိဂါထာကိုရွတ်ဘို့ အမိန့်အတိုင်းလုပ်နေကြတာ။

မေး။ ။ ခင်ဗျားကတော့လေ ကိုယ့်နိုင်ငံ့ခေါင်းဆောင်တယောက်ကို မဟုတ်တရုတ်တော်တော်ပြောတဲ့သူပဲ။ တရုတ်ပြည်ကို နှစ်နိုင်ငံအရေးကိစ္စဆွေးနွေးဘို့သွားတာ စိန္တာမဏိဂါထာနဲ့ ဘာဆိုင်လို့တုန်း။
ဖြေ။ ။ဆိုင်ပြီတဲ့လားဗျာ။ အခုကိစ္စက ငွေချေးတာလည်းပါမှာဆိုတော့ ချေးငွေရဘို့အရေးက အရေးအကြီးဆုံးလေဗျာ။ တရုတ်က သူတို့တောင်းတဲ့ငွေပမာဏအတိုင်းပေးချင်အောင် အဲဒီဂါထာကိုမြေကြီးပေါ်ကြည့်ပြီး သုံးကြိမ်ရွတ်ရမယ်လို့ အခါတော်ပေးဆရာတွေက ပြောထားတာဗျ။ ကဲ နောက်တပုံကိုကြည့်ဗျာ။

Source Photo from http://www.bbcburmese.com/images
မေး။ ။အံမယ် ကျုပ်တို့သမ္မတကြီးကို တရုတ်သမ္မတက ရွှမ်းရွှမ်းစားစားကြီး ကြည့်နေပါလားဗျ။ ကျုပ်တို့သမ္မတကြီးက ပြုံးရင်း ခွက်ပဲကြည့်နေတယ်။ ဘာကြောင့်များပါလိမ့်နော်။
ဖြေ။ ။ ခွက်ကိုကြည့်နေတာက ဘာကြောင့်မျှမဟုတ်ဘူး။ ဟိုလေဗျာ စင်္ကာပူ ၀န်ကြီးက ဂုဏ်ပြုတဲ့နေနဲ့ သစ်ခွပန်းတမျိုးကို သူ့နာမည်ပေးလိုက်တယ်မဟုတ်လား။ အဲဒါကို သတိရပြီးပြုံးနေတာ။

မေး။ ။ခင်ဗျားကတော့ဗျာ ကျုပ်တို့နိုင်ငံတော် ဥသျှောင်ကို ချိုးဖဲ့ပြောလိုက်တာများ ရစရာတောင်မရှိဘူး။ ကဲ ဘယ်မှာတုန်း အာဆီယံအစည်းအဝေးမှာ လက်ဆွဲနှုတ်ဆက်ဘို့ ကြောက်နေတဲ့ပုံ။
ဖြေ။ ။နောက်အပတ်ကျတော့ ပြမယ်။ သည်းခံလိုက်ဦး။

မေး။ ။ ခင်ဗျားကတော့လေ စကားကိုပြောချင်သလိုလျှောက်ပြောနေတယ်။ လုံးဝကိုလူကြီးလူကောင်း မပီသဘူး။ တကယ်လည်း မဟုတ်ပဲနဲ့များ သူတပါးကိုမှိုချိုးမျှစ်ချိုးပြောရဲတယ်။ ဓါတ်ပုံမရှိဘူးမဟုတ်လား။
ဖြေ။ ။ခင်ဗျားဒီလောက်တောင်ကြည့်ချင်လျင် အောက်က ပုံပေါ်ကို ကလစ်လိုက်။ ကဲကျုပ်တော့ တခြား ဆိုက်က ဓါတ်ပုံတွေ ကြည့်ရှုပြီး လိုတာကူးထားလိုက်ဦးမယ်။

Source Photo from http://www.nicknayman_nicknayman.com.cc

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment