+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, May 29, 2011

မြွေသတ္တ၀ါကို ခုတုံးလုပ်သည့်အစိုးရ


Source Picture from http://www.google.com/images

မြွေသတ္တ၀ါကို ခုတုံးလုပ်သည့်အစိုးရ
(မင်းစိုးစံ)

ခပ်ကြောင်ကြောင်နိုင်လွန်းလှသည့်ခေါင်းစည်းကို အပြန်ပြန်အလှန်လှန်ဘတ်ကြည့်ရင်း စာရေးသူသည်မိမိ ကိုယ်ကို အလွန်တရာအံ့သြသွားမိသည်။

မြန်မာပြည်အစိုးရသည် နည်းလမ်းပေါင်းမြောက်များစွာဖြင့် မြန်မာ ပြည်သူလူထုအပေါ် ယုတ်မာပက်စက်စွာဖြင့် လိန်လည်လှည့်ဖျားကာ ဂုတ်သွေးစုတ်အနိုင့်ကျင့်အုပ်ချုပ်လာ ရာတွင် ကိုလိုနီအုပ်ချုပ်ရေးနည်းစနစ်၊ ဖက်ဆစ်အုပ်အုပ်ချုပ်ရေးနည်းစနစ်များအပြင် မြန်မာ့နည်းမြန်မာ့ဟန် အုပ်ချုပ်ရေးနည်းများကိုပေါင်းစုလျှက် အယုတ်မာဆုံးအရက်စက်ဆုံးနည်းလမ်းများကို ဆန်ကာတင်ရရှိလာပြီး နောက် အဆိုးရွားဆုံးနည်းလမ်းများကိုသုံးကာ တိုင်းပြည်ကိုမတရားဖိနှိပ်အုပ်ချုပ်လာခဲ့သည်မှာ ၁၉၆၂ခုနှစ် မှ စ ယနေ့တိုင်ပင်ဖြစ်ပါသည်။

ထို့ကြောင့်ပင် ယနေ့ထက်တိုင် ဗမာစစ်အစိုးရသည် အသိပညာအတတ်ပညာများ အလျင်အမြန်တိုးတက်လာ သည့် ခေတ်ကာလနှင့် လိုက်လျောညီထွေ အနိုင်အထက်ဆိုးသွမ်းမိုက်ရိုင်းသောနည်းနာများကို လေ့လာရယူ ပြီးသည့်ကာလ နောက်ဆုံးနည်းတနည်းသည်ကား မြန်မာပြည်တွင်းရှိမြွေများကို ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်းရှိ ပြည်သူလူထုမှ အမုန်းပွါးစေရန် ဓါးစာခံလုပ်ခြင်းပင်ဖြစ်သည်။



Source Audio from http://www.rfe.org/burmese

ခေတ်နှင့်အညီ အစားအစာနှင့်လူသုံးကုန်ပစ္စည်းများရှားပါးကာ အလုပ်လက်မဲ့ တိုးပွါးလာသည့် ပြည်ထောင် စုမြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုတို့သည် မြွေများကိုဖမ်းဆီးသတ်ဖြတ်ပြီး ၀မ်းရေး အတွက် ဖြေရှင်းခဲ့ကြ ရသောကြောင့် မြွေသတ္တ၀ါ များ လျော့နည်းရှားပါးလာသည့်အတွက် ဖေါ်ပြပါအာမခံစနစ်ဖြင့် ထည့်သွင်းကောက် ခံခြင်းသည် တိုင်းပြည်ချစ်သည့်စိတ်၊ မျိုးချစ်သည့်စိတ်ရှိကြောင်းကိုဖေါ်ပြရုံမျှမက တိုင်းပြည်တိုးတက်ရာ တိုး တက်ကြောင်းအတွက် အလွန်လိမ္မာကြွင်းကျင်သောပညာရှင်များ၏ မြန်မာပြည်သူလူထုအပေါ် ထားရှိသည့် သဘောထားစေတနာမှန်များကို ထင်ရှားပြောင်မြောက်စွာ ဆင့်ကဲဖေါ်ပြလိုက်ဖြင်းပင်ဖြစ်ပါသတည်း။

သို့သော်စာရေးသူတို့ခေတ်က အသုံးပြုခဲ့ဘူးသည့် မြွေဝင်တယ်၊ မြွေကိုက်တယ်၊ မြွေဖမ်းတယ်၊ မြွေပဲ၊ ဆိုသည့် ဗမ်းစကားများအရ ဆိုပါလျင် ထိုစကားရပ်များအားလုံးသည် စစ်အစိုးရအဖွဲ့ဝင်များ မှ ငွေညှစ်တောင်း ခံခြင်းပင် ဖြစ်သည်။

အထူးသဖြင့် ကျေးရွာပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် မှောင်ခိုအထုပ်များကိုလိုက်လံရှာဖွေဖမ်းဆီးပြီး ဖမ်းဆီးရမိသည့် ပစ္စည်းများကို စစ်တပ်မှစခန်းမှူးများနှင့် ခွဲဝေစားသောက်ကြသည်။ ထိုသို့အဖမ်းအဆီးခံရပါက မြွေကိုက်သည်ဟုပြောပါသည်။

မိမိအိမ်ကို ၀င်ရောက်ရှာဖွေကာ ငွေအညှစ်ခံရလျင် မြွေဝင်တယ်ဟုပြောပါသည်။ လူတယောက်ယောက်ကြောင့် စစ်တပ်မှ လာရောက်စစ်ဆေးမေးမြန်းခံရပြီး ငွေအညှစ်ခံရပါက မြွေဖမ်းသည်ဟုပြောပါသည်။

သူငယ်ချင်းအချင်းချင်း စားသောက်ဆိုင်အတွင်းသို့ ဆွဲခေါ်သွားပြီး စားသောက်ပြီးသည့်အခါ ကုန်ကျငွေများကို ရှင်းခိုင်းပါလျင် ငွေရှင်းခံရသူက မင်းတို့ကတော့ မြွေပဲ ဟုပြောတတ်ကြပါသည်။

သို့ဖြစ်ပါသောကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အစိုးရအသစ်သည် လဒ်ပေးလဒ်ယူမှုပပျောက် ကင်း စင်ရေးအတွက် မော်တော်ဆိုင်ကယ်များအခွန်ဆောင်ရာတွင် မော်တော်ဆိုင်ကယ်စီးရင်း မြွေကိုက်ခံရပါက အ လျော်ပေးမည်ဆိုသည့်အတွက် သန့်ရှင်းသောအစိုးရတရပ် ပေါ်ပေါက်လာရန် အစပျိုးလိုက်သည့် လုပ်ရပ်ပင် ဖြစ်ကြောင်း ထောက်ခံကြိုဆိုလိုက်ရပါပေသည်။(လှံဖြင့်)

မကြာမတင်ကာလတခုသို့ရောက်ရှိလာပါက ကောင်းမွန်သောအစိုးရ၏ ကြန်အင်လက္ခဏာ များ ပေါ်ပေါက်လာ တော့မည် မှာမြေကြီးလက်ခတ်မ လွဲ ဧကန်မုချမသွေ ဖြစ်ပေတော့မည်တည်း။

ကျန်းမာချမ်းသာကြပါစေ

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment