+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, June 29, 2011

သောင်ရင်းမြစ်ရေ မြင့်တက် အိမ်အချို့ ရေနစ်မြုပ်

သောင်ရင်းမြစ်ကမ်းစပ်နား၊ မြေအနိမ့်ပိုင်းရှိ နေအိမ်အချို့ ရေနစ်မြုပ်မှုအား မြင်တွေ့ရစဉ်

သောင်ရင်းမြစ်ရေ ရုတ်တရက် မြင့်တက်လာခြင်းကြောင့်

မြစ်ကမ်းစပ် မြေအနိမ့်ပိုင်း နေအိမ်အချို့

ခေါင်မိုးထိ ရေနစ်မြုပ်

Thursday, 30 June 2011



ဇွန်လ ဒုတိယပတ်မှ စ၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် သောင်ရင်းမြစ်ရေ သိသိသာ သာ မြင့်တက်လာခဲ့ကာ မြ၀တီမြို့ မြစ်ကမ်းစပ် မြေနိမ့်ပိုင်း နေအိမ်အချို့ ခေါင်မိုးအထိ ရေနစ်မြုပ်မှု
ရှိကြောင်းသိရသည်။

မြ၀တီမြို့ အနားသတ်စည်း ကမ်းထိန်း နံရံအား ရေကျော်လာခြင်း မရှိသော်လည်း မြေနိမ့်ပိုင်း ရေထွက်ပေါက်များ မှ ရေ၀င်ရောက်ကာ ရပ်ကွက်အချို့၌လည်း ရေလွှမ်းမိုးလျက်ရှိကြောင်းသိရသည်။

''မနေ့ကထက် ချောင်းရေ တက်လာပါတယ်၊ ရေစွယ်တွေဟာ မြန်မာဘက်ကို အရမ်းထိုးတာ၊ ဒီကမ်းထိန်း နံရံသာ မရှိရင် ကျွန်မတို့ဘက်ကမ်းက အိမ်တွေ ပါသွားမလား မှတ်ရတယ်။ ခုသောင်ရင်းမြစ်ရေဟာ မြစ်ကမ်းစပ်ထိ မရောက်သေးပေမယ့် မြ၀တီမြို့လယ် အချို့နေရာတွေမှာ ရေကြီးနေပါပြီ။ မီးသတ်ရုံးရှေ့ လမ်းဆို ဆိုင်ကယ်တွေ ကားတွေ သွားလာလို့ မရတော့ဘူး၊ မီးသတ်ကားတွေလည်း နေရာရွှေ့ထားရတယ်လို့ သိရတယ်။ မြ၀တီမှာ လှေနဲ့သွားလာခဲ့ရတဲ့ နှစ်တွေ ရှိခဲ့ဖူးပါတယ်''ဟု မြ၀တီမြို့၊ ကျောက်ဖျာဂိတ်အနီး နေသူ တစ်ဦးက ဇွန် ၂၇ ရက်နေ့က ပြောကြားခဲ့သည်။

မြေနိမ့်ပိုင်း ရေစပ်နားရှိ အိမ်များ အိမ်ခေါင်မိုးထိ ရေနစ်မြုပ်သွားခဲ့ရသော်လည်း သောင်ရင်းမြစ် အနားသပ်စည်း ကမ်းထိန်းနံရံများ နစ်မြုပ်ခြင်း မရှိသေးကြောင်းသိရသည်။

© Eleven Media Group. All rights reserved.

0 comments:

Post a Comment