
ဒေါက်တာ စင်သီယာမောင်နဲ့အတူ
Source Photo from http://www.bbcburmese.com/images
စစ်သားတော့စစ်သားပါပဲ
(မင်းစိုးစံ)စစ်သားအချင်းချင်းတွေ့တဲ့အခါ ဘာတွေဖြစ်တယ်ထင်တုန်း။ တခြားနိုင်ငံက စစ်သားတွေနဲ့အခြားနိုင်ငံက စစ်သားတွေတွေ့တာတော့ မသိသာဘူး။ တခြားနိုင်ငံက စစ်သားနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်စစ်သား တို့ တွေ့တော့မျှ အော် တော်တော်ကွာပါလားဆိုတာသိရတယ်။
စစ်သားတော့စစ်သားပဲ စစ်သားပေမယ့် လူသတ်မယ် လိမ်ညာမယ် ကောက်ကျစ်မယ် မတရားတာအကုန်လုပ် မယ် ပြည်သူလူထုကို ဂရုမစိုက်ပဲနေမယ် တချိန်လုံးအဲဒါတွေကိုချည်း စဉ်းစားနေတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ စစ်သားခမျာ အကြောက်တရားတွေနဲ့ပြည့်နှက်နေတာတွေ့ရတယ်။
မကြောက်ပဲခံနိုင်ရိုးလား။ သူတို့ကိုတွေ့ပြီးလျင် ပြည်သူလူထုဘက်က စစ်သားကြီးနဲ့သွားတွေ့မယ်လေ။ လာတွေ့ တဲ့သူက မလာခင်ကတည်းက ရာဇသံကိုပေးထားတာ။ တွေ့တာပဲတွေ့ပါ့စေပေါ့၊ ဒါပေမယ့် ကိုယ်သောက်သုံးမကျတာတွေ
ပေါ်ကုန်တော့ မှာပဲ ဆိုတဲ့စိတ်ကလွှမ်းမိုးနေတော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ပြာယာခတ်နေ တာများ ကိုယ့်အရိပ်ကို ကိုယ်ပြန်ကြောက်တဲ့အထိပါပဲ။
မယုံလျင်အောက်က ဓါတ်ပုံကိုကြည့်လိုက်

နေပြည်တော်မှာ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးကို နှုတ်ဆက်စဉ်
Source Photo from http://www.bbcburmese.com/images
တွေဆုံနှုတ်ဆက်ကာစဆိုတော့ နည်းနည်းလေးရှိန်နေတယ်မှတ်တာ တွေ့ဆုံစကားပြောတဲ့အခါကျတော့မျှ ပိုကြောက်လာမှန်းသိသာနေတယ်။ သူလည်းစစ်သား ကိုယ်လည်းစစ်သားဗျာ ဘာမှုစရာလိုလို့တုန်း အခုတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွါးတိုးတက်အောင်လုပ်တဲ့နေရာမှာ တဘက်ကမ်းခတ်တော်တဲ့စစ်သားနဲ့ ပြည်သူလူထု ဆင်းရဲငတ်ပြတ်သွားအောင် တိုင်းပြည်တခုလုံးစုတ်ပြတ်သတ်သွားအောင် လုပ်တဲ့နေရာတွေမှာ စံတင်လောက် တဲ့ တဘက်ကမ်းခတ်တတ်မြောက် တဲ့ မြန်မာ့စစ်သားဆိုတော့ကာ ဆင်ဖြူမျက်နှာ ဆင်းမဲမကြည့်ဝံ့သာ ဆိုတဲ့စကားပုံ လေးကိုတောင် အမှတ်မ ထားနိုင်ပဲ အောက်ကပုံလေးလိုကိုဖြစ်နေလိုက်တာများ။
ကြည့်ကြပါဦးဗျာ မြင်မကောင်းရှုမကောင်း။ ဒါလားပြည်သူလူထုကို အကျိုးပြုမယ့် မြန်မာ့အစိုးရသစ်။ အားကိုးလောက်ပါရဲ့။

Source Photo from http://www.bbcburmese.com/images
လာတဲ့သူက ဘာတွေပြောလိုက်လဲ ဆိုတာတော့မသိဘူး မြန်မာနိုင်ငံရဲ့ ဒုသမ္မတကြီးခမျာ မျက်လုံးလေးစဉ်းနေလိုက်တာများ ဘာတွေအကြိုက်တွေ့သွားတယ်မသိဘူး။ ဇာတ်မင်းသားကြီးကျနေတာပဲ။
ကဲ စစ်သားကြီးအချင်းချင်းတွေ့တယ်ဆိုတာ ဒီလိုဖြစ်ရမယ်။ နင်လည်းစစ်သားငါလည်းစစ်သား နင်လည်းနင့် တိုင်းပြည်နဲ့နင့်ပြည်သူလူထုကို ကိုယ်စားပြုသလို ငါလည်းငါ့တိုင်းပြည်နဲ့ငါ့ပြည်သူလူထုကို ကိုယ်စားပြုတယ်။ ဒီတော့ဘာမျှ ရှက်ကိုးရှက်ကန်းဖြစ်နေစရာမရှိဘူး။ မျက်လုံးချင်းဆိုင်ပြီး ရဲရဲဝံ့ဝံ့ကြည့်တယ် ခိုင်ခိုင်မာမာနဲ့ ရဲရဲ တင်းတင်းလက်ဆွဲနှုတ်ဆက်တယ်။
မြန်မာဆိုတာကိုသိပ်ကြိုက်တဲ့ စစ်အစိုးရကတော့ မြန်သလားမမေးနဲ့။ ဘယ်လိုမြန်လည်းသိလား။
မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ HIV/AIDS လူနာ စောင့်ရှောက်ရေး ဂေဟာ တခု နှင့် နာရေးကူညီမှုအသင်းသို့ သွားရောက် လေ့လာသည်။
ဒဂုံမြို့သစ် တောင်ပိုင်းရှိ HIV/AIDS လူနာ စောင့်ရှောက်ရေး ဂေဟာတွင် ဂျွန်မက်ကိန်းက ဝေဒနာရှင် တဦးချင်းစီကို လိုက်လံနှုတ်ဆက်ပြီး ရင်းရင်းနှီးနှီး စကားပြောခဲ့ကြောင်း ဂေဟာ တာဝန်ခံ မဖြူဖြူသင်းက ပြောပြသည်။

Source Photo from http://www.bbcburmese.com/images
“(ဝေဒနာသည်တွေကို) သူတတ်နိုင်သမျှ ကူညီပါမယ်လို့လည်း ပြောတယ်။ ဆင်းရဲ နွမ်းပါးနေတဲ့ ဝေဒနာသည်တွေကို မြင်တော့ သူ စိတ်ထိခိုက်သွားတဲပုံပဲ” ဟု မဖြူဖြူသင်းက ဆိုသည်။
နံနက် ၁၁ နာရီတွင် ဂျွန်မက်ကိန်းသည် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ နာရေးကူညီမှု အသင်းရုံးသို့ သွားရောက်ပြီး ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများကို လေ့လာသည်။
ဂျွန်မက်ကိန်းက ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ သေဆုံးမှုနှုန်း စသည့် အကြောင်းအရာများကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း အသင်းတာဝန်ခံ ကိုကျော်သူက ပြောသည်။

မြန်မာပြည် ခရီးစဉ် ပထမနေ့က နေပြည်တော်တွင် အချိန်ပေးခဲ့သည့် ဂျွန်မက်ကိန်းသည် ရန်ကုန်သို့ ရောက်မှသာ ပြည်သူများ၏ လက်တွေ့ဘ၀ကို စတင် မြင်တွေ့သွားသည်ဟု ကိုကျော်သူက ပြောသည်။
“မနေ့က နေပြည်တော် ရောက်တော့ အဆောက်အအုံတွေက ခမ်းနား ကြီးကျယ်ပြီး အရောင်တလက်လက်၊ ဒီနေ့ ရန်ကုန်မြို့က ပြည်သူတွေကို မြင်ရတော့ အပြောင်းအလဲ တခု ကြုံရသလိုပဲလို့ သူက ရှင်းပြတယ်” ဟု ဦးကျော်သူက ပြောသည်။
အဲဒါတွေက ဧရာဝတီသတင်းဂျာနယ်က စာတွေကူးပြီးရေးထားတာ။
မြန်တယ်ဆိုတာကတော့ အောက်က ဘီဘီစီမြန်မာပိုင်းဌာနက သတင်းတိုလေးနားဆင်ကြည့်ဗျာ။ သဘောပေါက်သွားပါလိမ့်မယ်။
Source Photo from http://www.bbcburmese.com
အပြည့်အစုံနားဆင်ကြည့်ကြပါ။
Source Photo from http://www.bbcburmese.com
မြန်တာတော့ မြန်ပါရဲ့။ မာဆိုတဲ့အတိုင်း ပြည်သူလူထုအပေါ် မောက်မာမှာလား။ ယုတ်မာမှာလား။ ပမာ မခန့် မှာလား။ ဆိုတာကိုတော့ ပိတ်ကားပေါ်တွင် ဆက်လက်ရှုစားကြပါဆိုတဲ့ စာတမ်းလေး ရေးပေးလိုက်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment