+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, August 31, 2011

ကေအန်ယူ ​ခေါင်း​ဆောင် မန်း​ငြိမ်း​မောင် ဖမ်း​ဆီး​ထိန်း​သိမ်း​ခံရ

ကေအန်ယူ ​ခေါင်း​ဆောင် မန်း​ငြိမ်း​မောင်

ဖမ်း​ဆီး​ထိန်း​သိမ်း​ခံရ


August 31, 2011
by နော်နိုရင်း

ကရင်အမျိုး​သား​အစည်း​အရုံး​ (ကေအန်ယူ) ​ခေါင်း​ဆောင်တဦး​ဖြစ်သူ ပဒိုမန်း​ငြိမ်း​မောင်ကို အစိုး​ရက ဖမ်း​ဆီး​ထိန်း​သိမ်း​ထား​တယ်လို့​ မန်း​ငြိမ်း​မောင်အတွက် ကူညီ​ဆောင်ရွက်​ပေး​သူတဦး​က ​ပြောပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ဟာ ပြီး​ခဲ့​တဲ့​ ဇူလိုင်လကုန်ပိုင်း​က တရုတ်နိုင်ငံကို နှစ်ပတ်ကြာ သွား​ ​ရောက်ခဲ့​ပြီး​ ကူမင်း​လေ​ကြောင်း​နဲ့​ ထိုင်း​နိုင်ငံကို အပြန်မှာ ဗီဇာမရှိတာ​ကြောင့်​ ထိုင်း​လူဝင်မှုကြီး​ကြပ်​ရေး​က တရုတ်ပြည်ကို ပြန်ပို့​တယ်လို့​ ဆိုပါတယ်။

တရုတ်ပြည်မှာလည်း​ ဗီဇာမရှိတာ​ကြောင့်​ ဝင်ခွင့်​မ​ပေး​တော့​လို့​ ထိုင်း​နိုင်ငံကို ပြန်လာရာမှာ ထိုင်း​ကလက်မခံပါဘူး​။ မန်း​ငြိမ်း​မောင်ဟာ ဇူလိုင် ၂၁ ရက်က​နေ ဇူလိုင် ၂၃ ရက် ကူမင်း​လေဆိပ်​ရောက်တဲ့​အထိ သုံး​ကြိမ် အပြန်အလှန် အပို့​ခံရပါတယ်။

အဲဒီ​နောက် ၂၄ ရက်​နေ့​မှာ တရုတ်အာဏာပိုင်​တွေက မန်း​ငြိမ်း​မောင်ကို မြန်မာနိုင်ငံ ကို ပို့​လိုက်တာလို့​ ​နောက်ဆုံး​သိရ​ကြောင်း​ သူ့​အတွက် ကူညီ​ဆောင်ရွက်​ပေး​သူက ​ပြောပါ တယ်။

“ဟိုဘက်ပို့​လိုက် ဒီဘက်ပို့​လိုက်နဲ့​ လုပ်ပြီး​တော့​ ​နောက်ဆုံး​မှာ ကူမင်း​က​နေ ရန်ကုန်ကို ပို့​လိုက်တဲ့​သ​ဘောပဲ။”

မန်း​ငြိမ်း​မောင်ကို မြန်မာအာဏာပိုင်​တွေက စစ်​ကြော​နေတယ်လို့​ ထပ်ပြီး​ကြား​သိရ တယ်လို့​လည်း​ ​ပြောပါတယ်။

“ပထမဆုံး​က​တော့​ ‘လဝက’​ပေါ့​။ အဲဒီမှာပဲ ဖမ်း​ပြီး​တော့​ သူ့​ကို​အောင်သ​ပြေ စစ်​ကြော​ရေး​စခန်း​ကို ပို့​တယ်။ အဲဒီက​နေ သူ့​ကိုလွှဲတာ မင်္ဂလာဒုံရဲစခန်း​ကို လွှဲထား​တယ်။ အဲဒီမှာပဲရှိတယ်လို့​ သိရတယ်။”

ရန်ကုန်အပြည်ပြည်ဆိုင်ရာ​လေဆိပ်၊​ စစ်ဘက်​ရေး​ရာတပ်နယ်မှူး​ရုံး​တွေနဲ့​ မင်္ဂလာဒုံ ရဲစခန်း​တို့​ကို ဆက်သွယ်​မေး​မြန်း​ရာမှာ လူဝင်မှုကြီး​ကြပ်​ရေး​ဌာနကို ​မေး​မြန်း​ပါလို့​ ​ပြောပါ တယ်။ လူဝင်မှုကြီး​ကြပ်​ရေး​ဌာနကို​တော့​ ဆက်သွယ်လို့​မရ​သေး​ပါဘူး​။

ကေအန်ယူ အမြဲတမ်း​ဗဟို​ကော်မတီဝင် မန်း​ငြိမ်း​မောင်ဟာ ညီညွတ်​သောတိုင်း​ရင်း​ သား​လူမျိုး​များ​ဖက်ဒရယ်​ကောင်စီ အမှု​ဆောင်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီတပ်​ပေါင်း​စု တွဲဖက် အတွင်း​ရေး​မှူး​လည်း​ဖြစ်ပါတယ်။

မန်း​ငြိမ်း​မောင် တရုတ်ပြည်သွား​ရတဲ့​အ​ကြောင်း​ မသိရ​သေး​ပါဘူး​။

ကေအန်ယူကို မ​ရောက်ရှိခင် လွန်ခဲ့​တဲ့​ နှစ် ၅၀ မှာ မန်း​ငြိမ်း​မောင်ဟာ ကိုကိုး​ကျွန်း​ မှာ အကျဉ်း​ကျဖူး​ပြီး​ အကျဉ်း​သား​နှစ်ဦး​နဲ့​အတူ ပင်လယ်ဖြတ်ပြီး​ ထွက်​ပြေး​လွတ်​မြောက် လာပြီး​နောက် ပြန်အဖမ်း​ခံရဖူး​ပါတယ်။

Source from http://burmese.dvb.no/archives/14973

0 comments:

Post a Comment