+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, August 25, 2011

ပထမနေ့သတင်းထောက် ၃၂ ဦးသတင်းယူ စတုတ္ထနေ့၃ ခုသာ ကျန်ရှိ

၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်
ဒုတိယ ပုံမှန်အစည်းအဝေး ကျင်းပနေစဉ်

ပထမနေ့ သတင်းထောက် ၃၂ ဦးသတင်းယူ

စတုတ္ထနေ့ ၃ ခုသာ ကျန်ရှိ

By Eleven Media Group
Thursday, 25 August 2011


ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ ပထမနေ့သို့ ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာများမှ သတင်းထောက် ၃၂ ဦး တက်ရောက်သတင်းရယူခဲ့သော်လည်း စတုတ္ထနေ့(၂၅-၈-၂၀၁၁)ရက်တွင် သတင်းမီဒီယာ ၃ ခုသာ ကျန်ရှိပြီး တက်ရောက်သတင်းရယူခဲ့သည်ကို တွေ့ရသည်။

အဆိုပါ သတင်းမီဒီယာများမှာ Eleven Media Group ၊ မြန်မာတိုင်းမ်နှင့် Envoy ဂျာနယ်တို့မှ သတင်းထောက်များဖြစ်ကြသည်။

"ပြည်တွင်း ပြည်ပသတင်းထောက်တွေအနေနဲ့ လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်သတင်းရယူခွင့်ရတာ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက်ကြောင့် ပထမဆုံးနေ့မှာ သတင်းမီဒီယာတွေစုံစုံညီညီလာရောက် သတင်းရယူကြပါတယ်။ ဒုတိယနေ့မှာလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana လာရောက်တဲ့အတွက် သတင်းထောက်အချို့ ရန်ကုန်ပြန်သွားပေမယ့်လည်း အတော်များများ ကျန်ရှိသတင်းရယူတာကို တွေ့ရပါတယ်။ဒါပေမယ့်လို့ တတိယနေ့နဲ့ စတုတ္ထနေ့မှာတော့ လွှတ်တော်ပုံမှန် အစည်းအဝေးဖြစ်တဲ့အတွက် ဘာမှမထူးနိုင်ဘူးဆိုပြီး အများစု ပြန်သွားကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် လွှတ်တော်မှာ ဥပဒေကြမ်း တင်သွင်း ဆွေးနွေးတာများရှိခဲ့လို့ရှိရင် ရန်ကုန်ကနေ လာရောက်သတင်းရယူမယ်လို့ သတင်းထောက်တချို့က ပြောကြားပါတယ်" ဟု လွှတ်တော်ပုံမှန် အစည်းအဝေးများသို့ နေ့စဉ်တက်ရောက် သတင်းရယူလျက်ရှိသည့် သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

နေပြည်တော်တွင် သြဂုတ်လ ၂၂ ရက်နေ့က စတင်ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ ပထမနေ့သို့ သတင်းထောက် ၉၀ ကျော် တက်ရောက်သတင်းရယူခဲ့သည်။
၎င်းတို့မှာ ပြည်တွင်းဂျာနယ်များမှ သတင်းထောက်များ၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းမှ အသင်းဝင်သတင်းထောက်များ၊ နိုင်ငံပိုင်မီဒီယာများမှ သတင်းထောက်များ၊ ရုပ်သံလိုင်းများမှ သတင်းထောက်များ ဖြစ်ကြသည်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင်မူ ပုဂ္ဂလိကမီဒီယာများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခွင့် မရခဲ့ပေ။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းမီဒီယာများအပါအ၀င် အများပြည်သူနှင့် နိုင်ငံတကာမှ ဝေဖန်မှုများကို မိမိတို့ ခံယူသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

Credit http://www.news-eleven.com

0 comments:

Post a Comment