
Source Photo from http://www.google.com/images
အာကာသ လေ့လာရေး ဒုံးပျံသစ် နာဆာ လွှတ်တင်ဖို့
စီစဉ်
16 September, 2011
အမေရိကန် အမျိုးသား လေကြောင်းနဲ့ အာကာသ စီမံခန့်ခွဲရေး အေဂျင်စီ (နာဆာ)ဟာ အာကာသအတွင်းရှိ နိုင်ငံတကာ အာကာသစခန်းကို ကျော်လွန်ပြီး လကမ္ဘာ ၊ အင်္ဂါဂြိုဟ်နဲ့ အခြား ဂြိုဟ်တွေအထိ အာကာသ ယာဉ်မှူးတွေ သွားရောက် လေ့ လာနိုင်မယ့် အာကာသ စူးစမ်းလေ့လာရေး ဒုံးပျံတစ်စင်း လွှတ်တင်မယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က ထုတ်ပြန်ကြေညာ ခဲ့ပါသည်။
အဆိုပါ စပေ့စ် လောင့်ခ်ျ ဆစ်စတမ် (အက်စ် အယ်လ် အက်စ်) ဒုံးပျံကို အာကာသ ယာဉ်မှူးတွေကို တင်ဆောင်သွားနိုင်မယ့် ယာဉ်တစ်ခု အနေနဲ့ကော အရေးကြီးတဲ့ ကုန်သေတ္တာ စက်ကိရိယာတွေနဲ့ သိပံ္ပစမ်းသပ် မှုတွေကို ကမ္ဘာ့ပတ်လမ်းနဲ့ အခြား ခရီးပန်းတိုင်တွေ အထိ သယ်ဆောင်သွားနိုင်ဖို့ တီထွင်မှာ ဖြစ်ပါသည်။ ဒါ့အပြင်အဲ့ဒီ အက်စ် အယ်လ် အက်စ် ဒုံးပျံဟာ နိုင်ငံတကာ အာကာသ စခန်းဆီကို စီး ပွားဖြစ်နဲ့ နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုတွေ ပေးနိုင်ဖို့လည်း ရည်ရွယ်ထား ပါသည်။
အဆိုပါ ဒုံးပျံစနစ်ဟာ အမေရိကန် ပြည်ထောင်စုအတွက် ၀င်ငွေကောင်းတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာမှာ ဖြစ်သလို အာကာသ နည်းပညာ နယ်ပယ်မှာ အမေရိကန်တို့ရဲ့ ဦးဆောင်နိုင်မှုကို ဆက်လက် ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်လို့ နာဆာရဲ့ အကြီးအကဲ ချားလ်စ် ဘိုဒန် ကပြော ကြား ခဲ့ပါသည်။ အဆိုပါ အက်စ် အယ်လ် အက်စ် ဒုံးပျံ အစီအစဉ်မှာ အာကာသ လွန်းပျံယာဉ် အစီအစဉ်နဲ့ ကြယ်တာရာ စီမံ ကိန်းတွေ အ တွက် နည်းပညာ ပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တွေပါ ပေါင်းစပ် ထည့်သွင်းသွားမှာ ဖြစ်ပါသည်။ အဲ့ဒီ အက်စ် အယ်လ် အက်စ် ဒုံးပျံ စီမံကိန်း ရဲ့ ပထမဆုံး ခရီးစဉ်ကို (၂၀၁၇) ခုနှစ် အဆုံးပိုင်းမှာ လွှတ်တင်မယ်လို့ သိရပါသည်။
Source News from http://www.mrtv4.net.mm
0 comments:
Post a Comment