+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, September 29, 2011

နိုင်ငံရေး အကျဉ်းသားအချို့ ပြန်လွတ်လာပြီ

ဦးသူရ (ခ) ဇာဂနာ၊ ဦးသက်ဇော် (ခ) ဇော်သက်ထွေးနှင့် နိုင်ငံရေး အကျဉ်းသားအချို့ ပြန်လွတ်လာပြီ ဟူသော သတင်းများ ထွက်ပေါ်နေ

Wednesday, 28 September 2011

ဦးသူရ (ခ) ဇာဂနာ၊ ဦးသက် ဇော် (ခ) ဇော်သက်ထွေးနှင့် နိုင်ငံရေး အကျဉ်းသားအချို့ ပြန်လွတ်လာပြီဟူသော သတင်းများ ထွက်ပေါ်နေကြောင်း စုံစမ်းသိရှိရပါသည်။

သို့သော် အဆိုပါ ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ အတည်ပြုချက် တစ်စုံတစ်ရာ ရရှိခြင်း မရှိကြောင်းလည်း စုံစမ်းမှုများအရ သိရသည်။

အဆိုပါ နိုင်ငံရေး အကျဉ်းသား အချို့၏ မိသားစုဝင်အချို့နှင့် မိတ်ဆွေအချို့၏ ပြောကြားချက်များအရ လွတ် မြောက်လာသည် ဆိုသည်ကို တရားဝင် အကြောင်းကြားထားခြင်း မရှိ သေးကြောင်းနှင့် ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းအထိ အဆိုပါပုဂ္ဂိုလ်များသည် သက်ဆိုင်ရာ အကျဉ်းထောင်များ အသီးသီးတွင်သာ ရှိနေသေးကြောင်းလည်း ထပ်မံစုံစမ်းသိရှိရပါသည်။

ယခုထွက်ပေါ်နေသော သတင်းများမှာ ဟုတ်မှန်ခြင်းမရှိကြောင်းလည်း ပြည်ထဲရေးဝန်ကြီး ဌာနမှ သက်ဆိုင်ရာ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

Credit http://www.news-eleven.com

0 comments:

Post a Comment