+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, September 29, 2011

နှစ်ထပ်ကွမ်း ဓါးစာခံ ဖြစ်ရသူ မိန်းကလေးအား ပိုလန်စကီး တောင်းပန်ခဲ့

Roman Polanski
Source Photo from http://www.google.com/images

နှစ်ထပ်ကွမ်း ဓါးစာခံ ဖြစ်ရသူ မိန်းကလေးအား

ပိုလန်စကီး တောင်းပန်ခဲ့

29 September, 2011
ရိုမန် ပိုလန်စကီး အနေဖြင့် တစ်ချိန်က ၎င်းကျူးလွန်ခဲ့သည့် အသက်မပြည့်သေးသူ မိန်းကလေးနှင့် လိင်ပိုင်းဆိုင် ရာ စော်ကားမှုများကို တောင်းပန်စကား ဆိုလိုက်ပြီး ထိုစဉ်က အသက် ၁၃ နှစ်သာ ရှိသေးသည့် အဆိုပါ မိန်းကလေး မှာ နှစ်ထပ်ကွမ်း ဓါးစာခံ ဖြစ်ခဲ့ရသည်ဟု ပြောကြား သွားခဲ့သည်။

Samantha Geimer
Source Photo from http://www.topsocialite.com

လက်ရှိတွင် ဇူးရစ် ရုပ်ရှင်ပွဲတော်သို့ ရောက်ရှိနေသည့် ပိုလန်စကီးမှာ ၎င်း၏ မှတ်တမ်းရုပ်ရှင် ပြသပွဲ သို့ ရောက်ရှိနေခြင်း ဖြစ်ပြီး လူထုရှေ့တွင် နောင်တ တရားများကို ထုတ်ဖော် ပြောကြားလိုက်ခြင်းပင် ဖြစ်သည်။ အသက် ၇၈ နှစ် ရှိပြီ ဖြစ်သည့် အော်စကာဆုရှင် ပိုလန်စကီးမှာ လွန်ခဲ့သည့် ၃၅ နှစ်ခန့် က ၎င်းပြုမှုခဲ့သည့် လုပ်ရပ်နှင့် ပတ်သက်ပြီး တရားခံ Samantha Geimer မှာ ဓါးစာခံ နှစ်ထပ်ကွမ်း ဖြစ်ခဲ့ရသည်ဟု နောင်တဖြင့် ထုတ်ဖော် ပြော ကြားခဲ့သည်။ အင်္ဂါနေ့က ယင်းရုပ်ရှင်ပွဲတော်တွင်ပြသခဲ့သည့် ၎င်း၏ မှတ်တမ်းရုပ်ရှင် Roman Polanski: A Film Memoir တွင် တက်ရောက် လာစဉ်က ပြောကြားခဲ့ရာ၌ သူမမှာ မိမိနှင့် စာနယ်ဇင်းများ၏ ဓါးစာခံ အဖြစ် နှစ်ကြိမ် ခံစားခဲ့ရရှာကြောင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၁၉၇၇ ခုနှစ်က ပြုလုပ်ခဲ့သည့် အဆိုပါ ပြစ်မှုအတွက် ပိုလန်စကီးအား မူလက ပြစ်မှု ခြောက်ခုတွင် စွဲချက်တင်ခဲ့ခြင်း ဖြစ်ကာ နောက်ပိုင်းတွင် အမှုလျှော့ချ ခဲ့ခြင်း ဖြစ်သည်။ ၎င်း အား ယင်းပြစ်မှု အတွက်အမေရိကန်မှ အလိုရှိနေခဲ့ပြီးနောက် ပြင်သစ်သို့ တိမ်းရှောင်ခဲ့ကာ အိမ်ထောင်ကျခဲ့ပြီး ၂၀၀၉ တွင် ဆွစ်ဇာလန်တွင် ပြန်ဖမ်းမိခဲ့သော်လည်း အကျဉ်းသား လွဲပြောင်းရေ အစီအစဉ် မဖြစ်မြောက်ခဲ့သဖြင့် ယခုလို လွတ်မြောက်နေခြင်းပင် ဖြစ်သည်။

source : telegraph.co.uk

Credit http://www.mrtv4.net.mm

0 comments:

Post a Comment