+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, October 24, 2011

လက်ရှိ အကြီးအကဲဓါတ်ပုံကိုသာ ချိတ်ဆွဲရမည်

Source Photo from http://www.google.com/images

လက်ရှိ အကြီးအကဲဓါတ်ပုံကိုသာ ချိတ်ဆွဲရမည်

Tuesday, 25 October 2011 11:32

အစိုးရရုံးဌာနနှင့် စာသင်ကျောင်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးရုံး အစည်းအဝေး ခန်းမများ၏ အခန်းနံရံများတွင် လက်ရှိ နိုင်ငံအကြီးအကဲ နိုင်ငံခေါင်းဆောင် ဓါတ်ပုံကိုသာ ချိတ်ဆွဲရမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က အောက်တိုဘာလ ၂၁ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မိုင်းပန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်ဦး၏ မေးမြန်းချက်ကို သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြန်လည်ဖြေကြား သွားခဲ့ခြင်းဖြစ်သည်။

ဦးထွန်းမြင့်ဦးက “မြန်မာနိုင်ငံ ဟာ ၁၉၆၂ ခုနှစ်မှစ၍ ၂၆ နှစ်တိုင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ကာလတွင် နိုင်ငံတစ်ဝှမ်း အစိုးရရုံး များ၊ စာသင်ကျောင်းများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှုးရုံးများ၊ အစည်းအဝေးခန်းမများနှင့် အရာထမ်းများရဲ့ နံရံတွေမှာ အာဇာနည် ခေါင်းဆောင်ကြီးတစ်ဦးရဲ့ ဓါတ်ပုံနဲ့ ထို ခေတ်ကာလ နိုင်ငံတော်အစိုးရ ခေါင်းဆောင်ကြီးတစ်ဦးရဲ့ ဓါတ်ပုံကို အတူချိတ်ဆွဲခဲ့ကြပါတယ်။ ၁၉၈၈ မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ တာဝန်ယူနေ တဲ့ ၁၉၉၆ နှစ်ကာလအထိ အာဇာနည် ခေါင်းဆောင်ကြီးတစ်ဦးရဲ့ ဓါတ်ပုံတစ်ခုတည်းကိုပဲ ဆက်လက် ချိတ်ဆွဲခဲ့ကြသော်လည်း ၁၉၉၇ခုနှစ် ကာလ၌ ချိတ်ဆွဲခြင်း မပြုရတော့ပါ။ ယနေ့ခေတ် အချိန်ကာလသည် ဒီမိုကရေစီ နိုင်ငံဖြစ်သည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် ကာလဖြစ်သည့်အတွက် အထက်ဖော်ပြပါနေရာများတွင် အာဇာနည်ခေါင်းဆောင်ကြီး တစ်ဦးရဲ့ ဓါတ်ပုံအားပြန်လည် ချိတ်ဆွဲခွင့်ရှိ မရှိ သိရှိလိုပါတယ်။ ပြန်လည်ချိတ်ဆွဲခွင့် ပြုမည်ဆိုပါက တရားဝင် ထုတ်ပြန်ပေးရန် ရှိ မရှိ သိရှိလိုပါတယ်” ဟု ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းချက်ကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က အစိုးရရုံး၊ ဌာန နှင့် စာသင်ကျောင်းများ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှုးရုံး၊ အစည်းအဝေးခန်းမများ၏ အခန်းနံရံများ တွင် လက်ရှိနိုင်ငံအကြီးအကဲ ခေါင်းဆောင်ဓါတ်ပုံကိုသာ ချိတ်ဆွဲရန် သတ်မှတ်ထားပါကြောင်း ပြန်လည် ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။


Credit http://www.news-eleven.com

0 comments:

Post a Comment