+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, November 30, 2011

American Airlines ဒေဝါလီခံပြီ

ကုမ္ပဏီဥက္ကဋ္ဌ Thomas Horton 
Source Photo from http://www.google.com/images

American Airlines ဒေဝါလီခံပြီ 

30 Nov, 2011
 American Airlines ကိုပိုင်ဆိုင်သည့် မိခင်ကုမ္ပဏီတစ်ခု ဖြစ်သော AMR Corp., မှာ လွန်ခဲ့သည့် အင်္ဂါနေ့က Chapter 11 bankruptcy ဥပဒေအရ ဒေဝါလီခံရန် တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယခုလို ပြုလုပ်ရခြင်း မှာ နှစ်များ စွာ ကြာေ အာင် မြင်တက်ခဲ့သည့် စက်သုံးဆီ ဈေးနှုန်းများနှင့် ဝန်ထမ်းများ အတွက် ပေးခဲ့ရသည့် လစာ များ အ တွက် တင်ရှိနေသည့် ကြွေးမြီများ၏ ဝန်ထုပ်ဝန်ပိုးမှ လျှော့ကျစေ ရန် ပြုလုပ်လိုက်ခြင်း ပင် ဖြစ်သည်။

အမေရိကန်နိုင်ငံ၏ တတိယမြောက် အကြီးဆုံးလေကြောင်းလိုင်း တစ်ခုဖြစ်သော American Airlines မှအင်္ဂါနေ့က ပြောရာ၌ ၎င်းတို့ ၏ လေကြောင်းလိုင်းတွင် ကာလရှည်ကြာ အမှုဆောင်ချုပ်အဖြစ် တာဝန်ယူခဲ့သူ Gerard Arpey မှာလည်း အလုပ်မှ နုတ်ထွက် မည် ဖြစ်ပြီး ၎င်း၏နေရာတွင် ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ Thomas Horton မှအစားထိုး တာဝန်ယူသွား မည် ဖြစ်ကြောင်း လည်း ပြောကြား ခဲ့သည်။

ပည်ေ ထာင်စု နယူးယောက်မြို့ တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့သည့် ယခုလို ဒေဝါလီခံမှုအတွက် chapter 11 တွင်ပါသည့် ဥပဒေအတိုင်းဖြစ်ကာ လက်ရှိ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၂၄.၇၂ ဘီလီယံ ဖြစ်သော်လည်း အကြွေးမှာ ဒေါ်လာ ၂၉.၅၅ ဘီလီယံဖြစ်နေသဖြင့် ယခုလို ပြုလုပ်လိုက်ရခြင်း ဖြစ်ကြောင်းလည်း ပြောသည်။

လက်ရှိတွင် ကုမ္ပဏီ လက်ကျန်ငွေ အဖြစ် ဒေါ် လာ ၄.၁ ဘီလီယံမှာ ငွေစက္ကူအဖြစ် ရှိနေကြောင်းလည်း ကုမ္ပဏ်ီမှပြောသည်။ AMR မှပြောရာ၌ ၎င်းတို့အနေဖြင့် အသုံးစရိတ် လျှော့ ချနိုင်မည့် အကာအကွယ်တစ်ခုကို ပြုလုပ်သွားမည် ဖြစ်ပြီး Chapter11 အရ ယင်းလေကြောင်း လိုင်း၏ ပုံမှန်လမ်းကြောင်းများကိုမူ ဆက်လက်ပျံသန်းနေဦးမည် ဖြစ်သည်ဟု ပြောခဲ့သည်။

AMR မှာ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အမေရိ ကန် ပြည်ထောင်စု ရှိ လေေ ကြာင်းလိုင်းများ အထဲတွင် ဒေဝါလီခံရန် ငြင်းဆန်ခဲ့သည့် တစ်ခုတည်းေ သာ လေကြောင်းလိုင်းလည်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တောင့်ခံထားခြင်းကြောင့် လေကြောင်း ပို့ဆောင်မှု လုပ်ငန်းများ တွင် ဈေးအမြင့်ဆုံး ဖြစ်ခဲ့ရပြီး အလုပ်သမား ပင်စင်လစာ များအတွက်လည်း ထောက်ပံ့ ပေးရဦးမည် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။


အမှုဆောင်ချုပ်အဖြစ် တာဝန်ယူခဲ့သူ Gerard Arpey 
Source Photo from http://www.google.com/images

source : xinhuanews

Credit http://www.mrtv4.net.mm

0 comments:

Post a Comment