+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, November 30, 2011

ဖလုံ-စဝေါ်ပါတီဥက္ကဌဟောင်း စောသန်းကျော်ဦး ပါတီအသစ်တည်ထောင်ရန် လျှောက်ထား

ဥက္ကဌဟောင်း စောသန်းကျော်ဦး 
Source Photo from KIC (Karen Information Center) 

ဖလုံ-စဝေါ်ပါတီဥက္ကဌဟောင်း စောသန်းကျော်ဦး

ပါတီအသစ်တည်ထောင်ရန် လျှောက်ထား

နိုဝင်ဘာလ ၂၉ရက်
နန်းသူးလေ (ကေအိုင်စီ)

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP ၏ ယခင် ဥက္ကဌ စောသန်းကျော်ဦး ခေါင်းဆောင်သည့် အဖွဲ့ဝင် ၁၆ဦးသည် ကရင်ဒီမို ကရက်တစ်ပါတီ အမည်ဖြင့် ပါတီထောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားကြောင်း ယနေ့ထုတ် အစိုးရပိုင်သတင်းစာတွင် ဖော်ပြထားသည်။

စောသန်းကျော်ဦးသည် ပါတီစည်းကမ်းဖောက်ဖျက်မှုဖြင့် ပါတီဥက္ကဌရာထူးမှ နုတ်ထွက်ပေးရန် အောက်တိုဘာလ ၃၀ရက်နေ့ ၌ ဖလုံ-စဝေါ်ပါတီအဖွဲ့ဝင်များက အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၆ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ကာ ယခုလို နိုင်ငံရေးပါတီအသစ်တည်ထောင်ရေး လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဖလုံ-စဝေါ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး စဘီကျင်ဦးက

ကျနော်တို့ ပါတီကနေ ဦးစောသန်းကျော်ဦး နုတ်ထွက်သွားပါ ပြီ။
ဒါကြောင့် သူ့သဘော သူ့ဆန္ဒနဲ့ ပါတီထောင်ဖို့လုပ်တာကို ကျနော်တို့အနေနဲ့ဘာမှ မပြောလိုပါဘူး။ သူပါတီထောင်လိုက်လို့ လည်း ကျနော်တို့ ပါတီအတွက် ဆိုးဆိုးဝါးဝါး ထိခိုက်တာမျိုးလည်း မရှိပါဘူး။

ဟု ပြောသည်။

ပါတီသစ်ထောင်ရန် လျှောက်ထားသည့် ကရင်ဒီမိုကရက်တစ်ပါတီထဲတွင် စောသန်းကျော်ဦးအပြင် ဖလုံ-စဝေါ်မှ အဖွဲ့ဝင် ၂ဦး ထက်မနည်း ပါဝင်မည်ဟု ခန့်မှန်းရကြောင်းနှင့် မည်သူပါဝင်မည်ကိုမူ တိကျစွာ မသိရသေးကြောင်း သူက ဆက်ပြောသည်။

မြန်မာအစိုးရ၏ ၂၀၀၈ပုံဖွဲ့စည်းပုံအရ နိုင်ငံရေးပါတီ တည်ထောင်လိုသူ ပုဂ္ဂိုလ်များသည် နိုင်ငံရေး မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄နှင့် ပုဒ်မ ၆ပါ ပြဌာန်းချက်များနှင့် ညီညွှတ်မှုရှိမရှိ စိစစ်ပေးနိုင်ရေးအတွက် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာဝန်ကြီးများဌာနများထံ မေတ္တာရပ်ခံ ညှိနှိုင်းထားကြောင်းလည်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

ဥက္ကဌ စောခင်မောင်မြင့် 
Source Photo from KIC (Karen Information Center)
စောသန်းကျော်ဦးသည် လက်ရှိ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဖြစ်သူ ယခင် ဖလုံ-စဝေါ်
ပါတီ၏ ဥက္ကဌ စောခင်မောင်မြင့်၏နေရာတွင် အစားထိုး အရွေးခံရသူဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွင်း ကျိုက်မရောမြို့နယ် အမှတ်(၁)တွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံခဲ့
ရာ မဲရှုံးနိမ့်ခဲ့သည်။

0 comments:

Post a Comment