+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, December 17, 2011

ဗမာစစ်အစိုးရရဲ့ စိတ်ရင်းစေတနာရင်း အမှန်






Source Audio from http://www.bbcburmese.com 

ဗမာပြည်နဲ့နယ်စပ်ခြင်းထိစပ်နေတဲ့ နိုင်ငံတွေဖြစ်ကြတဲ့ ထိုင်း၊ တရုတ်၊ အိန္ဒြိယ၊ ဘင်္ဂလားဒေ့ရှ် က နိုင်ငံသူနိုင်ငံသား တိုင်းသူပြည်သားအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
သက်ဆိုင်ရာ နိုင်ငံက အစိုးရတွေရဲ့ ကျုပ်တို့ဒုက္ခသည်တွေအပေါ် ပြုမူဆက်ဆံပုံတွေ ဘယ်လိုရှိတယ်ဆိုတာ ကျုပ်တို့ဒုက္ခသည်တွေ အသိဆုံးပါ။
 ဘယ်လိုပဲဖြစ်ဖြစ် သူတပါးတိုင်းပြည်မှာ လာနေရတာဆိုတော့ ကိုယ့်အိမ်လိုတော့ဘယ်ဟုတ်ပါ့မလဲ။

 ဒါကြောင့် ကျုပ်တို့ရဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဒီနေ့ရတယ်ဆိုလျင်ပဲ မနက်ဖြန်အထိ မစောင့်ပါဘူး ဒီညနေပဲပြန်မှာပါ။
ကျုပ်တို့ကို မောင်းထုတ်စရာ နှင်ထုတ်စရာမလိုပါဘူးလို့ ပြောချင်ပါတယ်။
အခုလို လက်ခံထားတဲ့အတွက် ကျေးဇူးမမေ့ပါဘူးဗျာ။



Source Audio from http://www.fra.org/burmese 

ဦးအောင်သောင်းပြောတဲ့ နောက်သုံးနှစ်ကြာလျင် တတိုင်းပြည်လုံးငြိမ်းချမ်းမယ်ဆိုတာ အခုလို ရွာတွေမီးရှို့ ရှိသမျှအိမ်မွေးတိရိစ္ဆာန်တွေ လုယက်၊ မုဒိန်းကျင့်၊ လူသတ် ဆိုတဲ့နည်းနဲ့ သုံးနှစ်ဆက်တိုက် လုပ်သွားဘို့
ဆိုလိုတာပါ။

ဦးအောင်သောင်းရေ ခင်ဗျားတို့ KNU ကိုထိုးစစ်ဆင်တော့ ကျုပ်တို့ကရင်လူမျိုးတွေရဲ့ အသက် အိုးအိမ် စည်းစိမ်
နဲ့ ဘ၀တွေကို နှစ်ပေါင်းဘယ်လောက်ကြာတဲ့အထိဖျက်ဆီးပစ်ခဲ့သလဲ ဆိုတာ ခင်ဗျားသိပါတယ်။

ခင်ဗျားတို့ရဲ့ နည်းအောင်မြင်တယ်လို့ ယုံကြည်ယူဆ ထားလို့ အခုလိုပြောလိုက်တာလား။

0 comments:

Post a Comment