+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, March 14, 2012

အကျဉ်းသားများထွက်ပြေး သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး တစ်ဦးသေဆုံး

အချုပ်ခန်းတစ်ခု (မြန်မာနိုင်ငံ မဟုတ်)
Source Photo from http://www.google.com/images

အကျဉ်းသားများထွက်ပြေးခဲ့၍

သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး


Wednesday, 14 March 2012


တွံတေးမြို့နယ် ရွှေသူဌေးတာ စိုက်/မွေးစခန်း အကျဉ်းဦးစီးဌာန မှ အကျဉ်းဦးစီးဌာန ရန်ပုံငွေအုတ်ဖုတ်သည့်
လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသူ အကျဉ်းသားများ ထွက်ပြေးခဲ့မှုကြောင့် ရိုင်ဖယ်သေနတ်ဖြင့် လေးချက် ပစ်ခတ်၍ ပြန်လည်ဖမ်းဆီးရာ တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရဲအုပ်---- စခန်းမှူးတာဝန်ထမ်း ဆောင်စဉ် အကျဉ်းသားတစ်ဦး သေဆုံးသွား၍ သက်ဆိုင်ရာက သက်သေများနှင့် သွားရောက်စစ်ဆေးခဲ့ကြောင်း
သိရသည်။

တွံတေးမြို့ နယ် စိုက်/မွေးစခန်း၏ ချောင်းတစ် ဘက်ကမ်း ဇီးဖြူကုန်းတောအတွင်း ၌ အကျဉ်းသား ကိုကိုနိုင်(၂၆ နှစ်) ထောင်ဝင်အမှတ်အစ/၁၁/၀၇၈၀၇/က၊ တိုက်ကြီးမြို့နယ်နေသူအား ၀ဲဘက်နံ၌
သေနတ်ထိမှန် ဒဏ်ရာတစ်ချက်ရရှိလျက် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိရသည်ဟုသိရသည်။

မှော်ဘီမြို့နယ် တရားရုံး၏ရာကြီး ၁၂၇/၂၀၁၁ ပုဒ်မ ၃၈၀ အမှုဖြင့် ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရပြီး ၂၀၁၁
ဒီဇင်ဘာ ၂၅ ရက်နေ့တွင်ရောက်ရှိလာသူ ဇော်ဝင်း(၂၃နှစ်) အစ/၁၁/ ၁၃၇၂၂/ မှော်ဘီမြို့နယ်နေသူနှင့်
သန်လျင်မြို့နယ် တရားရုံး၏ရာကြီး ၅၀၉/၂၀၁၁ ပုဒ်မ ၃၇၆/၅၁၁အမှုဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံခဲ့ရပြီး
၂၀၁၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ရောက်ရှိလာသူထွန်းနိုင် (ခ)ကိုဦး(၃၂နှစ်)၊ အစ/၁၁/ ၀၆၈၆၀
သန်လျင်မြို့နယ်နေသူတို့နှစ်ဦးမှာ အဆိုပါစခန်းမှထွက်ပြေး လွတ်မြောက်သွားခဲ့သဖြင့် တွံတေးမြို့နယ်ရဲ
ဘက်စခန်း တာဝန်ခံများမှ အပူတပြင်းလိုက်လံရှာဖွေဖမ်းဆီးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment