+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, May 29, 2009

စဉ်းစားကြ အရမ်းမလုပ်နဲ့



စဉ်းစားကြ အရမ်းမလုပ်နဲ့





KNU ထဲမှာမပျော်လို့ SPDC စီကိုသွားတယ်။ နှာခေါင်းနာလာတော့ KNU

စီကိုပြန်လာတယ်။

SPDC ကိုသွားတုန်းက သတင်းသမားတွေကို KNU မကောင်းကြောင်း

ရစရာမရှိအောင်ပြောလိုက်ပုံများ ယုံချင်စရာတောင်မရှိဘူး။

SPDC စီကပြန်လာတော့ DKBA, KPF,KNUKNLA နဲ့ အခြားကရင်အဖွဲ့တွေ

အသုံးမကျတာတွေကို ရစရာမကျန်အောင် သတင်းသမားတွေကနေတဆင့်

အငမ်းမရ အားရပါးရပြောပြန်တယ်။

Karen Blogger တွေကလည်း သူ့ထက်ငါ အရင်ဦးအောင် နှစ်ဘက်စလုံးက

ရတဲ့သတင်းတွေကို ချင့်ချိန်မနေတော့ပဲ မြိန်ရည်ယှက်ရည်နဲ့ အခမဲ့

အလုအယက်ဖေါ်ပြကြပြန်တယ်။

တခြားလူတွေတော့ ကျုပ်မသိဘူး ကျုပ်ကတော့

မျက်နှာဘယ်လိုထားရမှန်းတောင်မသိတော့ဘူးဗျို့။

ဗမာစကားပုံ တခုကြားဘူးကြသလား။

လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုတာ။ အခုတော့ ပြောင်းသွားပြီ

ကရင်မျက်ဖြူဆိုက်လေ ဗမာကြိုက်လေတဲ့။

ကာတွန်းပုံကို ဇွဲကပင် (ဂျပန်) ကနေ ကူးယူဖေါ်ပြပါကြောင်း။

မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment